၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံ အင်္ဂလန်အသင်းမှ နာမည်ကျော်ဂန္ထဝင်ဂိုးသမား ဂေါ်ဒွန်ဘန့်ခ် ကွယ်လွန်

၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံ အင်္ဂလန်အသင်းမှ နာမည်ကျော်ဂန္ထဝင်ဂိုးသမား ဂေါ်ဒွန်ဘန့်ခ် ကွယ်လွန်
Photo: AFP
Photo: AFP
Published 12 February 2019

ဂေါ်ဒွန်ဘန့်ခ်သည် ကွယ်လွန်ချိန်တွင်အသက် (၈၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ကမ္ဘာ့ထာဝရ အကောင်းဆုံးဂိုးသမားများထဲတွင် တစ်ဦးအပါအဝင်လည်းဖြစ်သည်။

 

၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အိမ်ရှင် အင်္ဂလန်အသင်းမှ နာမည်ကြီး ဂိုးသမားဖြစ်သူ ဂေါ်ဒွန်ဘန့်ခ်သည် ဖေဖော်ဝါရီ (၁၂) ရက်က ကွယ်လွန်သွားခဲ့ကြောင်း သိ ရသည်။

ဂေါ်ဒွန်ဘန့်ခ်သည် ကွယ်လွန်ချိန်တွင်အသက် (၈၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ကမ္ဘာ့ထာဝရ အကောင်းဆုံးဂိုးသမားများထဲတွင် တစ်ဦးအပါအဝင်လည်းဖြစ်သည်။

ပြီးခဲ့သည့် ညသန်းခေါင်ယံကျော်အချိန်တွင် ဂေါ်ဒွန် ငြိမ်းချမ်းစွာကွယ်လွန်သွားမှုကို ဝမ်းနည်းခြင်းများစွာဖြင့် အသိပေးအပ်ပါကြောင်းနှင့် သူ့ကို ဆုံးရှုံးရခြင်းအတွက် ယူ ကျုံးမရဖြစ်မိသော်လည်း အမှတ်တရများစွာ ရှိခဲ့သည့်အတွက် ပျော်ရွှင်ကျေနပ်မိပြီး သူ့ထက် ပိုမိုဂုဏ်ယူလောက်စရာ မရှိနိုင်ပါတော့ကြောင်း သူ၏မိသားစုက ကြေညာချက်ထုတ် ပြန်ခဲ့သည်။

ဂေါ်ဒွန်ဘန့်ခ်သည် ၁၉၆၆ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် အသင်းအတွက် ပွဲတိုင်းပါဝင်ကစားခဲ့ပြီး ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းမှ ဘောလုံးဘုရင် ပီလီ၏ ဂိုးသွင်းယူမှုကို စွမ်းစွမ်းတမံ ကာကွယ်နိုင်ခဲ့ပုံမှာ ဘောလုံးသမိုင်း၌ မမေ့နိုင်စရာအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။

၎င်းမှာ FIFA  တစ် နှစ်တာအကောင်းဆုံးဂိုးသမားဆုကို (၆) ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲပေါင်း (၇၃) ပွဲအထိ ကစားပေးခဲ့သည်။ ရှက်ဖီးမြို့တွင် မွေးဖွားခဲ့သူ ၎င်းမှာ စတုတ်စီးတီး၊ လက်စတာ အသင်းများနှင့်အတူ လိဂ်ဖလား ချန်ပီယံဆု ဆွတ်ခူးခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် ကစားသမား ဘဝမှ အနားယူခဲ့သည်။

ကစားသမားဘဝမှ အနားမယူမီ ၁၉၇၂ နှစ်ကုန်ပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ပြီး မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

၁၉၆၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အနောက် ဂျာမနီအသင်းသို့ ဟက်ထရစ်သွင်းယူခဲ့သည့်   ဂန္ထဝင်တိုက်စစ်မှူး ဂျော့ဖ်ဟတ်စ်က '' ဂေါ်ဒွန် သေဆုံးတဲ့သတင်းကို ကြားရလို့ အလွန်ဝမ်းနည်းမိပါတယ်။ သူဟာ ဂန္ထဝင်ကစားသမားတွေထဲက တစ်ဦးပါ။ ဘောလုံးလောကအတွက်၊ အင်္ဂလန်ဘောလုံးပရိသတ်တွေအတွက် ဝမ်းနည်းစရာပါပဲ။ အလွန်ဝမ်းနည်းအ မှတ်ရစရာကောင်းတဲ့ အဖြစ်အပျက်ပါပဲ'' ဟု Twitter တွင် ရေးသားခဲ့သည်။

Most Read

Most Recent