CIES ၏ ၂၀၁၉ ခုနှစ်အတွက် တန်ဖိုးဖြတ်မှုအရ ကမ္ဘာ့ကြေးအကြီးဆုံးကစားသမားအဖြစ် PSG မှ ပြင်သစ်တိုက်စစ်မှူး ဘာပေ ရပ်တည်ခဲ့

CIES ၏ ၂၀၁၉ ခုနှစ်အတွက် တန်ဖိုးဖြတ်မှုအရ ကမ္ဘာ့ကြေးအကြီးဆုံးကစားသမားအဖြစ် PSG မှ ပြင်သစ်တိုက်စစ်မှူး ဘာပေ ရပ်တည်ခဲ့
Photos : AFP
Photos : AFP
Published 8 January 2019

CIES သည် ကြေးအကြီးဆုံးကစားသမား (၁၀၀)ဦးစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဘာပေက ပေါင်(၁၉၆)သန်းဖြင့် ထိပ်ဆုံး တွင်ရပ်တည်ခဲ့ခြင်းဖြစ်သည်။

နာမည်ကျော် ဘောလုံးသုတေသန အဖွဲ့အစည်းတစ်ခုဖြစ်သည့် CIES သည် ၂၀၁၉ ခုနှစ်အတွက် ဘောလုံးသမားများ၏ တန်ဖိုးနှုန်းထားများကို ထုတ်ပြန်ခဲ့ရာ PSG အသင်းမှ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေသည် ကမ္ဘာ့ကြေးအကြီးဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ကြောင်း သိရှိရသည်။

    

CIES သည် ကြေးအကြီးဆုံးကစားသမား (၁၀၀)ဦးစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဘာပေက ပေါင်(၁၉၆)သန်းဖြင့် ထိပ်ဆုံး တွင်ရပ်တည်ခဲ့ခြင်းဖြစ်သည်။

ဘာပေ၏နောက်တွင်  စပါးအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက ပေါင်သန်း (၁၈၀)ဖြင့် ဒုတိယကြေး အကြီးဆုံးကစားသမားဖြစ်ခဲ့ပြီး PSG အသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး နေမာက ပေါင် (၁၇၇)သန်းဖြင့် တတိယနေရာတွင် ရပ်တည် ခဲ့သည်။

CIES သည် ကစားသမားများ၏ လက်ရှိခြေစွမ်း၊ ကျော်ကြားမှု၊ အနာဂတ်အလားအလာများအပေါ် မူတည်ကာ တန်ဖိုး ဖြတ်ခဲ့ခြင်းဖြစ်ပြီး ထူးခြားသည်မှာ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးဆုများစွာကို ရယူနိုင်ခဲ့သည့် ရီးယဲလ်နှင့် ခရိုအေးရှားကွင်းလယ်ကစားသမား မိုဒရစ်သည် တန်ဖိုးအကြီးဆုံးကစားသမား (၁၀၀)ဦးစာရင်းတွင် မပါဝင်ခဲ့ခြင်းပင်ဖြစ်သည်။

    

ဘာစီလိုနာနှင့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက အဆင့် (၇)နေရာတွင် ရပ်တည်ခဲ့ပြီး ဂျူဗင်တပ်စ်နှင့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက အဆင့် (၁၉)နေရာတွင် ရပ်တည်ခဲ့သည်။

မက်ဆီသည် လက်ရှိအချိန်အထိ အကောင်းဆုံးခြေစွမ်းပြသနိုင်လျက်ရှိသောကြောင့် တန်ဖိုးအကြီးဆုံးကစားသမား (၁၀)ဦးစာရင်း၌ အသက် (၃၀)အထက် တစ် ဦးတည်းသောကစားသမားအဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့ပြင် ထိပ်ဆုံး (၅၀)ထဲတွင် အသက် (၃၀)နှင့်အထက်ကစားသမားအဖြစ် မက်ဆီ၊ စီရော်နယ်လ်ဒို၊ ဆွာရက်ဇ်၊ အူဘာမီယန်းနှင့် အဂွဲရိုးတို့ (၅)ဦးသာ ပါဝင်ခဲ့ကြောင်းလည်း သိရှိရသည်။

ကြေးအကြီးဆုံးကစားသမား(၁၀)ဦး

ကစားသမား    အသင်း    အသက်    တန်ဖိုး(ပေါင်)

ဘာပေ    PSG    ၂၀    ၁၉၆ သန်း

ဟာရီကိန်း    စပါး    ၂၅    ၁၈၀ သန်း

နေမာ    PSG    ၂၇    ၁၇၇ သန်း

စတာလင်    မန်စီးတီး    ၂၄    ၁၆၇ သန်း

ဆာလာ    လီဗာပူးလ်    ၂၇    ၁၆၅ သန်း

ဒီဘားလား    ဂျူဗင်တပ်စ်    ၂၅    ၁၅၄ သန်း

မက်ဆီ    ဘာစီလိုနာ    ၃၂    ၁၅၃.၇ သန်း

လူကာကူ    မန်ယူ    ၂၆    ၁၄၅ သန်း

ကော်တင်ဟို    ဘာစီလိုနာ    ၂၇    ၁၄၁ သန်း

ဆာနေး    မန်စီးတီး    ၂၃    ၁၄၀ သန်း