ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 7 January 2019

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လိဂ်(Carabao)ဖလား ဆီမီးဖိုင်နယ်(ပ-ကျော့)

စပါး နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက် ၂း၃၀ နာရီ)

(၂)သင်းစလုံးဖြတ်သန်းလာမှုက ကွာဟချက်သိပ်မရှိပါဘူး။ စပါးက ဝက်ဖို့ဒ်၊ ဝက်စ်ဟမ်း၊ အာဆင်နယ်အသင်းတွေကို ကျော်ဖြတ်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးကတော့ လီဗာပူးလ်နဲ့စတွေ့ကာ ဒါဘီ၊ ဘုန်းမောက်တို့ကို အနိုင်ယူခဲ့တာပါ။ ဒါကြောင့် ဒီ (၂)သင်းစလုံးက ဆီမီးဖိုင်နယ်အဆင့်ကို ထိုက်ထိုက်တန်တန် တက်လှမ်းလာတဲ့အသင်းတွေဆိုတာ သက်သေပြနေသလိုပါပဲ။  ပြီးခဲ့တဲ့အဆင့်ပွဲတွေမှာ ချယ်လ်ဆီးအသင်းက တစ်သင်းလုံး အရန်ကစားသမားတွေနဲ့ ပွဲထုတ်ခဲ့တာဖြစ်ပေမယ့် စပါးကတော့  အမာခံနဲ့အရန်တွေကို မျှမျှတတအသုံးပြုခဲ့တာတွေ့ရတယ်။ အခုပွဲတော့ ဆီမီးဖိုင်နယ်ဖြစ်နေလို့ (၂)သင်းစလုံး တောင့်တင်း တဲ့လူစာရင်းကို ပွဲထုတ်ဖို့များတယ်။ စပါးက နောက်ဆုံးတွေ့ဆုံမှု(၂)ပွဲဆက် ချယ်လ်ဆီးကို အနိုင်ကစားခဲ့ပြီး အသင်းလိုက်ဟန် ချက်ညီမှုမှာလည်း ချယ်လ်ဆီးအသင်းထက် ပိုသာပါတယ်။ ချယ်လ်ဆီးမှာတော့ အသင်းတိုက်စစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေ များနေပြီး ဝီလီယံ၊ လော့ဖ်တပ်ချိခ်တို့ ပါဝင်နိုင်ဖွယ်မရှိဘဲ ပတ်ဒရို၊ ဂျရူးတို့ကလည်း ဒဏ်ရာက ပြန်သက်သာစပဲရှိပါသေးတယ်။  စပါးကွင်းမှာတော့ အိမ်ရှင်ပဲရွေးတာပိုကောင်းမယ်။

စပိန်ဘုရင့်ဖလား ရှုံးထွက်(၁၆)သင်းအဆင့် (ပ-ကျော့)

စပို့တင်းဂီဟွန် နှင့် ဗလင်စီယာ (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက် ၃းဝ၀ နာရီ)

စပို့တင်းဂီဟွန်က အီဘာကို အိမ်ကွင်းအားသာချက်နဲ့ ကျော်ဖြတ်ပြီး ဒီအဆင့်ရောက်လာတာပါ။ ဗလင်စီယာကလည်း အဝေးကွင်းဆိုရင် တိုက်စစ်ကျသွားတတ်ပါတယ်။ ဂိုးနည်းတဲ့ သရေပွဲ ဖြစ်နိုင်ပါတယ်။