ယူရို ၁၂၀၀ တန် ရွှေရောင်အမဲသားကင်နှင့်ပတ်သက်၍ ပြင်းထန်စွာတုံ့ပြန်သည့် ရီဘာရီ ဒဏ်ရိုက်ခံရ

ယူရို ၁၂၀၀ တန် ရွှေရောင်အမဲသားကင်နှင့်ပတ်သက်၍ ပြင်းထန်စွာတုံ့ပြန်သည့် ရီဘာရီ ဒဏ်ရိုက်ခံရ
Photo: Instagram
Photo: Instagram
Published 7 January 2019

ယင်းအမဲသားမှာ ၂၄ ကရက်ရွှေ (ရွှေ အစစ်) ဖြင့် ဖုံးအုပ်၍ ကင်ထားခြင်းဖြစ်ပြီး ယူရို ၁၂၀၀ တန်ဖိုးရှိကာ Salt Bae ကိုယ်တိုင် တည်ခင်းပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ယူရို ၁၂၀၀ တန်ဖိုးရှိ ရွှေရောင်အမဲသားကင်စား သည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ဝေဖန်သူများ အား ပြင်းထန်စွာတုံ့ပြန်ခဲ့သည့် ရီဘာရီကို ဒဏ်ကြေးချမှတ်ခဲ့ကြောင်း သိရသည်။

ဆောင်းရာသီအားလပ်ရက်ရရှိထား သည့် ရီဘာရီသည် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ သို့ အပန်းဖြေခရီးသွားရောက်ခဲ့ပြီး နာမည် ကြီး တူရကီစားဖိုမှူး Salt Bae ၏ စားသောက် ဆိုင်တွင် အမဲသားကင်စားရန် ပြင်ဆင်နေ သည့် ဗီဒီယိုဖိုင်ကို Instagram နှင့် Twitter တွင်တင်ရာမှ ပြဿနာစတင်ဖြစ်ပွားခြင်းဖြစ် သည်။

ယင်းအမဲသားမှာ ၂၄ ကရက်ရွှေ (ရွှေ အစစ်) ဖြင့် ဖုံးအုပ်၍ ကင်ထားခြင်းဖြစ်ပြီး ယူရို ၁၂၀၀ တန်ဖိုးရှိကာ Salt Bae ကိုယ်တိုင် တည်ခင်းပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။

ယင်းဗီဒီယိုနှင့်ပတ်သက်၍ ပြင်သစ်ဂျာနယ်လစ် ပူလ်ဗာက ''မစ္စတာ ရီဘာရီ။ ခင်ဗျားက ခင်ဗျားရဲ့ငွေတွေကို ဘာလုပ်ပစ်နေလဲမသိ ဘူး။ ကမ္ဘာပေါ်မှာ ခင်ဗျားရဲ့ ငွေကြေးထောက်ပံ့ မှု လိုအပ်နေတဲ့နေရာတွေ အများကြီးပဲ''ဟု ရေးသားရာမှ ဝေဖန်မှုများစွာ ထွက်ပေါ်လာ ရာ ရီဘာရီက ပြင်းထန်စွာတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

''၂၀၁၉ ကို မနာလိုမှုတွေ၊ အမုန်းတရား တွေနဲ့ စတင်ကြတာပေါ့။ အဲဒီလူတွေက ကွန်ဒုံး ပေါက်သွားရာကနေ မွေးလာတဲ့သူတွေပဲ။ သူတို့ရဲ့ ေ-ာက်အမေတွေ၊ အဘွားတွေအပြင် တစ်မိသားစုလုံးကလည်း အဲဒီလိုမွေးလာကြ တာပဲ။ မင်းတို့ကိုဆပ်ရမယ့်အကြွေးက ငါ့မှာ ဘာမှမရှိဘူး။ ငါ့ရဲ့အောင်မြင်မှုတွေက အားလုံး ထက်သာတယ်။ မီဒီ ယာတွေက ရီဘာရီဆိုရင် အမြဲတမ်းပဲဝေဖန်ကြတယ်။ ထပ်ပြီးပြောရရင် အတုအယောင်ဂျာနယ်လစ်တွေက အမြဲတမ်း မကောင်းတာပဲ ရေးကြတယ်။ အခုကိစ္စကျ ရေးနေကြပြီး အလှူအတန်းတွေလုပ်တုန်းက တော့ ဘာလို့သတိတောင်မထားမိကြတာလဲ။ ခင်ဗျားတို့က အားလုံးကို သေသေချာချာ မလေ့လာဘဲ အပေါ်ယံလျှပ်ပြီးတော့ ကြည့် နေကြလို့ပေါ့။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပဲ ကိုယ် ကြိုက်တာလုပ်မှာပေါ့''ဟု ၎င်းက ပြန်လည် ရေးသားထားသည်။

ရီဘာရီ၏ တုံ့ပြန်မှုရေးသားမှုမှာ ပြင်း ထန်လွန်းသဖြင့် ကြီးလေးသည့်ဒဏ်ငွေချမှတ် ရန် ဆုံးဖြတ်ထားကြောင်း အားကစားဒါရိုက် တာ ဆာလီဟာမစ်ဇ်က ပြောကြားသည်။