ဘာစီလိုနာသို့ တစ်နှစ်လစာ ယူရို ၁၀ သန်းဖြင့် ရာဘီယူ ပြောင်းရွှေ့ရန်နီးစပ်လာ

ဘာစီလိုနာသို့ တစ်နှစ်လစာ ယူရို ၁၀ သန်းဖြင့် ရာဘီယူ ပြောင်းရွှေ့ရန်နီးစပ်လာ
Photos: Getty Images
Photos: Getty Images
Published 7 January 2019

ပြင်သစ်လက်ရွေးစင် ရာဘီယူနှင့် PSG အသင်း၏ စာချုပ်သက်တမ်းမှာ လာမည့်နွေ ရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းင်းက စာချုပ် သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကို လက်မခံဘဲ လမ်းခွဲရန် ဆုံးဖြတ်ထားသည်။ 

ယခုရာသီကုန်တွင် PSG အသင်းနှင့် လမ်းခွဲမည့် ကွင်းလယ်ကစားသမား ရာဘီယူသည် ဘာစီလိုနာအသင်းသို့ အလွတ်ပြောင်း ရွှေ့ကြေးဖြင့် ပြောင်းရွှေ့ပြီး တစ်နှစ်လစာ ယူရို ၁၀ သန်းရရှိမည်ဖြစ်ကြောင်း ဗြိတိန်နှင့် စပိန်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

    

ပြင်သစ်လက်ရွေးစင် ရာဘီယူနှင့် PSG အသင်း၏ စာချုပ်သက်တမ်းမှာ လာမည့်နွေ ရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းင်းက စာချုပ် သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကို လက်မခံဘဲ လမ်းခွဲရန် ဆုံးဖြတ်ထားသည်။ 

ဗြိတိန်အခြေ စိုက် The Guardian သတင်းဌာန၏ဖော်ပြချက်အရ ရာဘီယူသည် ဘာစီလိုနာအသင်း သို့ပြောင်းရွှေ့ရန် သဘောတူညီမှုရထားပြီး တစ်ပတ်လစာ ပေါင် ၁၇၀,၀၀၀ ဖြင့် တစ်နှစ် လျှင် ပေါင်ကိုးသန်း (ယူရို ၁၀ သန်း) ရရှိမည် ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ၎င်းအနေဖြင့် လက်မှတ်ထိုးကြေးအဖြစ် ဘာစီလိုနာအသင်းထံမှ ပေါင်ကိုးသန်း ထပ်မံရရှိမည်ဖြစ်သည်။ 

အသက် ၂၃ နှစ်သာရှိသေးသည့် ရာဘီယူသည် ပြင်သစ်နိုင်ငံ၏ အလားအလာအရှိဆုံး လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ် ခံခဲ့ရသော်လည်း ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသလို ပြင်သစ်လက်ရွေးစင်အသင်း အတွက်လည်း ခြောက်ပွဲသာ ကစားခွင့်ရထား သည်။ 

PSG အသင်းသည် ၎င်းင်းနေရာတွင် အေဂျက်စ်အသင်း၏ နယ်သာလန်ကြယ်ပွင့် ကစားသမား ဖရန်ကီဒီယွန်း (၂၁ နှစ်) နှင့် ပြန်လည်အစားထိုးရန် စီစဉ်နေပြီး ပေါင် ၆၅ သန်းဖြင့် ခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရသည်။