ယင်းဗိုလ်လုပွဲကို MRTV, MRTV Channel, MRTV Facebook Pages တို့မှ ညနေ(၃း၁၅)နာရီမှစတင်ပြီး တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ ရက် (ယနေ့) ညနေ(၃)နာရီတွင် ဝဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် ထိုင်းအသင်း ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
ယင်းဗိုလ်လုပွဲကို MRTV, MRTV Channel, MRTV Facebook Pages တို့မှ ညနေ(၃း၁၅)နာရီမှစတင်ပြီး တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို ငါးသင်းပတ်လည်စနစ်ဖြင့် ကျင်းပခဲ့ပြီး အမှတ်အများဆုံးရသည့် ထိုင်းနှင့် မြန်မာအသင်းမှာ ဗိုလ်လုပွဲ ပြန်လည်ကစားရခြင်းဖြစ်သည်။
မြန်မာအသင်းသည် ဗိုလ်လုပွဲ ကစားမည့် ထိုင်းအသင်းနှင့် အုပ်စုပွဲတွေ့ဆုံရာတွင် (၁-၀) ဂိုးဖြင့် အနိုင်ရထားသည်။
မြန်မာအသင်းတွင် အဓိကကစားသမားနှစ်ဦး ပါဝင်နိုင်မည်မဟုတ်ဘဲ ရဲမင်းဦးမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်ပြီး တိုက်စစ်မှူး တာရာတင်သိန်းမှာလည်း ဒဏ်ရာပြဿနာရှိနေကြောင်း သိရသည်။
တာရာတင်သိန်းသည် မလေးရှားနှင့်သရေကျ သည့်ပွဲတွင် နံရိုးကျိုးခဲ့ခြင်းဖြစ်ပြီး ထိုင်းကို အနိုင်ရသည့်ပွဲ တွင်လည်း ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။
မြန်မာအသင်းသည် ဗိုလ်လုပွဲသို့ ပထမဆုံး တက်ရောက်နိုင်ခြင်းဖြစ်သည်။