ရှုံးထွက်အဆင့်မဲခွဲပွဲမတိုင်မီ ယူရိုပါလိဂ်ချန်ပီယံရေပန်းစားမှုတွင် ချယ်လ်ဆီး ထိပ်ဆုံးတွင်ရှိနေ

ရှုံးထွက်အဆင့်မဲခွဲပွဲမတိုင်မီ ယူရိုပါလိဂ်ချန်ပီယံရေပန်းစားမှုတွင် ချယ်လ်ဆီး ထိပ်ဆုံးတွင်ရှိနေ
Photo : Twitter, Wikipedia
Photo : Twitter, Wikipedia
Published 17 December 2018

ယူရိုပါလိဂ် ရှုံးထွက်(၃၂)သင်းအဆင့် မဲခွဲမှုကို မြန်မာစံတော်ချိန် ယနေ့ညနေ ၆း၃၀ နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဒီဇင်ဘာ ၁ရရက် (ယနေ့)တွင် ကျင်းပပြုလုပ်မည့် ယူရိုပါလိဂ် ရှုံးထွက် ၃၂ သင်းအဆင့် ချန်ပီယံရေပန်းစားမှုတွင် ချယ်လ်ဆီးအသင်းက ထိပ်ဆုံး၌ဦးဆောင်လျက်ရှိနေကြောင်း သိရသည်။

ရှုံးထွက် ၃၂ သင်းအဆင့်သို့ ယူရိုပါလိဂ်အုပ်စုအဆင့်မှတက်လာသည့် လေဗာကူဆင်၊ အာဆင်နယ်၊ ဗီလာရီးယဲလ်၊ ဆီဗီလာ၊ ချယ်လ်ဆီးစသည့်အသင်းများအပြင် ချန်ပီယံလိဂ်မှ အုပ်စုတတိယနေရာဖြင့် ထွက်ခွာလာရသည့် နာပိုလီ၊ အင်တာမီလန်၊ ဗလင်စီယာအသင်းများလည်း ပါဝင်လျက်ရှိသည်။

ဗြိတိန်လောင်းကစားကုမ္ပဏီ William Hill ၏အလေးပေးချက်တွင် ချယ်လ်ဆီးအသင်းက ၄း၁ လေးဖြင့် ဦးဆောင်နေပြီး ယင်းနောက်တွင် အာဆင်နယ်အသင်းက ၆း၁ လေး၊ နာပိုလီအသင်းက ၈း၁ လေး၊ ဆီဗီလာအသင်းက ၁ဝး၁ လေး၊ အင်တာမီလန်အသင်းက ၁ဝး၁ လေး၊ ဗလင်စီယာအသင်းက ၁၆း၁ လေး၊ ဗီလာရီးယဲလ်အသင်းက ၂ဝး၁ လေး၊ ဆာလ်ဇ်ဘာ့ဂ်အသင်းက ၂၂း၁ လေး၊ လေဗာကူဆင်အသင်းက ၂၅း၁ လေး၊ လာဇီယိုအသင်းက ၂၅း၁ လေး ရှိနေသည်။

ယခုရှုံးထွက် ၃၂ သင်းအဆင့်တွင် ပုံစံသစ် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့ဖူးသည့် အသင်းများအဖြစ် ချယ်လ်ဆီး နှင့် ဆီဗီလာ (၂)သင်းသာ ပါဝင်လျက်ရှိသည်။

ယူရိုပါလိဂ် ရှုံးထွက်(၃၂)သင်းအဆင့် မဲခွဲမှုကို မြန်မာစံတော်ချိန် ယနေ့ညနေ ၆း၃၀ နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 



အစိမ်းရောင်ပြထားသည့်အသင်းများမှာ ဆီဒင်ရရှိသည့်အသင်းများဖြစ်သည်။