လာလီဂါချန်ပီယံဆုအတွက် နောက်ဆုံးအချိန်အထိတိုက်ပွဲဝင်သွားမည်ဟု ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဆိုလာရီပြောကြား

လာလီဂါချန်ပီယံဆုအတွက် နောက်ဆုံးအချိန်အထိတိုက်ပွဲဝင်သွားမည်ဟု ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဆိုလာရီပြောကြား
Photo: Marca
Photo: Marca
Published 8 December 2018

 

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဆိုလာရီက ယခုရာသီလာလီဂါချန်ပီယံဆုအတွက် နောက်ဆုံးအချိန်အထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါပွဲစဉ် (၁၄) အပြီးတွင် ရမှတ် (၂၃) မှတ် ရရှိထားပြီး ဇယားထိပ်ဆုံးမှ ဘာစီလိုနာအသင်းနှင့် (၄) မှတ်ကွာဟနေသည်။

ဆိုလာရီက '' ရီးယဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ တောင်းဆိုမှုကို ကျွန်တော်ကောင်းကောင်းနားလည်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အကောင်းဆုံးအားထုတ်သွားမှာပါ။ တိုက်စစ်ရော၊ ခံစစ်ပိုင်းကိုပါ တိုးတတ်အောင်ပြုလုပ်သွားမှာပါ။ ကျွန်တော်တို့အသင်းမှာ ဆုဖလားတွေအတွက် စိတ်ဆန္ဒပြင်းပြမှုရှိပြီးသားလို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲဒီအပိုင်းကို ကျွန်တော်တို့ထပ်ဖြည့်စရာမလိုပါဘူး။ လာလီဂါချန်ပီယံဆုအတွက် နောက်ဆုံးအချိန်အထိတိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။

ဆိုလာရီသည် ရီးယဲလ်အသင်းနည်းပြအဖြစ် ပြိုင်ပွဲစုံ (၈) ပွဲကိုင်တွယ်ထားရာတွင် (၇) ပွဲအထိအနိုင်ရရှိထားပြီး (၁) ပွဲသာရှုံးနိမ့်ထားသည်။ 

ထို့ပြင်ဆိုလာရီက ၄င်းအနေဖြင့် ပွဲစဉ်တိုင်းတွင် ပွဲထွက်လူစာရင်းကို ပုံသေထားပြီး အသုံးပြုခြင်းမရှိကြောင်းနှင့် ပွဲအခြေအနေကိုကြည့်ကာ ကစားသမားများကို ပွဲထွက်အဖြစ်အသုံးပြုခြင်းကိုသာ ပိုမိုနှစ်သက်ကြောင်းလည်းပြောကြားခဲ့သည်။

Most Read

Most Recent