မြန်မာ ယူ-၂၂ အသင်းသည် ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစား သမား ၂၀ ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် မကွေး အသင်းနှင့် နောက်ဆုံးခြေစမ်းပွဲယှဉ်ပြိုင် ကစားခဲ့ပြီး ဒီဇင်ဘာ ၇ ရက်တွင် အပြီးသတ် လူစာရင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ပဏာမ ကစားသမား ၂၈ ဦးဖြင့် စခန်းဝင်လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ပဏာမကစားသမားရှစ်ဦး လျှော့ ချခဲ့ခြင်းဖြစ်သည်။
အပြီးသတ်ရွေးချယ်ရာ တွင် အောင်မျိုးထွေး (ဂိုး)၊ ထွန်းနန္ဒဦး (ဂိုး)၊ ကျော်မျိုးနိုင်၊ အံ့မော်ဦး၊ ထက်အာကာလင်း၊ ဇွဲသက်ပိုင်၊ မြတ်ထွန်းသစ်နှင့် ဇွဲခန့်မင်းတို့ ချန်လှပ်ခံရသည်။
မြန်မာ ယူ-၂၂ အသင်း သည် ယင်းပြိုင်ပွဲအတွက် အောက်တိုဘာ ၂ ရက်မှစ၍ စခန်းဝင်လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားရာ လေးပွဲ စလုံး အနိုင်ရခဲ့သည်။
မြန်မာ ယူ-၂၂ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ဗီယက်နမ်ဖိတ်ခေါ် ပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်း အပါအဝင် မြန်မာ၊ မလေးရှား၊ တောင်ကိုရီး ယားကလပ် ဂင်မ်ဟီး ယူ-၂၁ အသင်းတို့ ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြိုင်ပွဲကို လေး သင်းပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့်နှစ်သင်း ဗိုလ်လုပွဲ၊ အဆင့် ၃၊၄ နေရာရနှစ်သင်း တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိ ရသည်။
မြန်မာ ယူ-၂၂ အသင်းလူစာရင်း
နည်းပြချုပ် - ဦးကြည်လွင်၊ လ/ထနည်းပြ - ဦးချစ်နိုင်၊ ဦးကျော်လွင်၊ ဂိုးနည်းပြ - ဦးမျိုးကျော်အောင်
ဂိုး - ဘုန်းသစ္စာမင်း၊ စိုးအာကာ၊
နောက်တန်း - စိုးမိုးကျော်၊ ဇွဲထက်မင်း၊ သက်ပိုင်ထွေး၊ အောင်ဝဏ္ဏစိုး၊ ဇင်ရဲ နောင်၊ ကျော်သူထွန်း၊ ကျော်သက်ဦး၊
အလယ်တန်း - မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း၊ မင်းကိုကို၊ နန်းထိုက်ဇော်၊ စိုးလွင်လွင်၊ ဟိန်းထက်အောင်၊ ပြည့်စုံနိုင်၊
ရှေ့တန်း - စအောင်ပြည့်ကို၊ ဝင်းနိုင်ထွန်း၊ ဇင်မင်းထွန်း၊ ချမ်းငြိမ်း