အန်တိုနီယိုကွန်တီကို နည်းပြအဖြစ်ခန့်အပ်ရန် ရိုးမား ဆွေးနွေးနေ

အန်တိုနီယိုကွန်တီကို နည်းပြအဖြစ်ခန့်အပ်ရန် ရိုးမား ဆွေးနွေးနေ
Published 3 December 2018

ရိုးမားအသင်းသည် ချယ်လ်ဆီးနည်းပြဟောင်း အန်တိုနီယိုကွန်တီကို နည်းပြအဖြစ်ခန့်အပ်ရန် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း အီတလီသတင်းများက ရေးသား လျက်ရှိသည်။

    

ရိုးမား-အင်တာမီလန်ပွဲမတိုင်မီ စီးရီးအေ၊ ချန်ပီယံလိဂ်နှစ်ပွဲဆက်တိုက် အရေးနိိမ့်ခဲ့မှုကြောင့် ရိုးမား အသင်းသည် လက်ရှိနည်းပြ ဒီဖရန်ဆက်စကို၏နေရာတွင် ကွန်တီနှင့် အစားထိုးရန် စိတ်ဝင်စားလာခြင်း ဖြစ်သည်။ 

ရိုးမားအသင်းဥက္ကဋ္ဌဖြစ် သူ ဂျင်းမ်ပယ်လော့တာက အီတလီလက်ရွေးစင်အသင်းနည်းပြဟောင်း  ကွန်တီနှင့်ဆွေးနွေးရန် သူ၏လက် ထောက်များကို ညွှန်ကြားထားပြီးဖြစ် ကြောင်း သိရသည်။ 

ကွန်တီသည် ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်အတွင်းက စီးရီးအေပွဲစဉ်အချို့ ကို လိုက်လံကြည့်ရှုနေခဲ့ပြီး အီတလီမြေသို့ နည်းပြအဖြစ်တစ်ကျော့ပြန်လာရန် သေချာသလောက်ရှိနေသည်ဟု သတင်းများက ဖော်ပြခဲ့ကြ သည်။ 

၎င်းသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ကောလာဟလများထွက်ခဲ့ချိန်ကတည်းက စီးရီးအေသို့ ပြန်လာဖွယ်ရှိသည်ဟု နိုဝင်ဘာလဆန်းပိုင်းတွင် အရိပ်အမြွက်ပြောကြားထားခဲ့သည်။

ကွန်တီနှင့်ရင်းနှီးသည့် အီတ လီလက်ရွေးစင်နောက်ခံလူဟောင်း မိုရဲရိုးက ကွန်တီသည် ရိုးမားနည်းပြ အလုပ်ကို စိတ်ဝင်စားနေသည်ဟု ဖွင့်ဟခဲ့သော်လည်း အသင်းကို ရာသီဝက်ကာလတွင် စတင်မကိုင်တွယ်လိုဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းမှာ မန်ယူ၊ PSG အသင်းများ၏ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

Most Read

Most Recent