ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅) (ဒုတိယနေ့) ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅) (ဒုတိယနေ့) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 28 November 2018

 

အက်သလက်တီကို နှင့် မိုနာကို ( ကြာသပတေးနံနက် ဝဝး၂၅ နာရီ )

    အက်သလက်တီကိုက ဒေါ့မွန်ကွင်းမှာ ရှုံးခဲ့ပြီး အိမ်ကွင်း မှာတော့ နိုင်ပွဲကို ချက်ချင်းပြန်ယူနိုင်ခဲ့တာတွေ့ရတယ်။ ပထမ အကျော့ မိုနာကိုကွင်းမှာတုန်းက အဖွင့်ဂိုးပေးခဲ့ရပြီးမှ သွင်းဂိုး (၂)ဂိုးနဲ့အတူ နိုင်ပွဲပြန်ရှာနိုင်ခဲ့ပြီး၊ အုပ်စုတွင်းမှာ ဒေါ့မွန်ကို အဝေးကွင်းမှာ ရှုံးတဲ့ပွဲကလွဲရင် ပွဲတိုင်းအနိုင်ရထားတယ်။ ဒီပွဲမှာလည်း အိမ်ကွင်းမှာ ပြန်ကစားရမှာဖြစ်လို့ အွန်နရီရဲ့အသင်းကို နိုင်ဖို့မခက်ပါဘူး။ အက်သလက်တီကိုရဲ့ထုံးစံအတိုင်း ဂိုးတွေအများကြီးသွင်းဖို့ထက် (၂-၀)လောက်နဲ့နိုင်မယ်။

လိုကိုမိုးတစ် နှင့် ဂါလာတာစာရေး ( ကြာသပတေးနံနက် ဝဝး၂၅ နာရီ )

    ပေါ်တိုအသင်းရဲ့ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲမှာ လိုကိုမိုးတစ် ပရိသတ်တွေ ကွင်းထဲမှာတင် သူတို့အသင်းကို လှောင်ပြောင်ခဲ့ ကြပြီး ဒီပွဲမှာလည်း ဖိအားတွေနဲ့ ကစားရဦးမှာဖြစ်တယ်။ အုပ်စု တတိယနေရာအတွက် ဒီပွဲက နောက်ဆုံးမျှော်လင့်ချက်ဖြစ်နေ ပေမယ့် ဒီပွဲနိုင်ရင်တောင် ဂါလာတာစာရေးကို မီဖို့ခက်နေပါ တယ်။ ပထမအကျော့တုန်းက ဂိုးပြတ်နိုင်ထားတဲ့ ဂါလာတာစာ ရေးက ဒီပွဲမှာလည်း ကပ်နိုင်သွားဖို့ရှိတယ်။ 

ဒေါ့မွန် နှင့် ကလပ်ဘရုဂေး ( ကြာသပတေးနံနက် ၂း၃၀ နာရီ )

    ကလပ်ဘရုဂေးက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မိုနာကိုအသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တယ်။ ဒီအုပ်စုမှာ အားအနည်းဆုံးအသင်းလို့ ယူဆခဲ့ပေမယ့် အသင်းကြီးတွေကို ဒုက္ခပေးနိုင်တဲ့အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဂုဏ်သိက္ခာရှိတဲ့ခြေအဆင့်အတန်းကို ပြသနိုင်ခဲ့တယ်။ ပထမအကျော့အိမ်ကွင်းမှာတုန်းက ဒေါ့မွန်နဲ့ ခြေရည်တူကစားခဲ့ပြီး၊ (၈၅)မိနစ်ရောက်မှ ပူလီဆစ်ရဲ့ဂိုးနဲ့ ကပ်ရှုံးခဲ့တာပါ။ ဒီပွဲမှာတော့ ဒေါ့မွန်ဆီက အမှတ်ခွဲယူနိုင်ဖို့မလွယ်ပေမယ့် ဂိုးပြတ်မရှုံးနိုင်ပါဘူး။

PSV နှင့် ဘာစီလိုနာ ( ကြာသပတေးနံနက် ၂း၃၀ နာရီ )

    အင်တာမီလန်ကွင်းမှာ (၁-၁)ဂိုးသရေကစားခဲ့ပြီးနောက် ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက် သွားခဲ့ပါပြီ။ လက်ကျန်ပွဲစဉ်တွေက အုပ်စုဗိုလ်နေရာအတွက် ကစားသွားရမှာဖြစ်ပြီး ဒီပွဲကိုအနိုင်ကစားလိုက်ရင် အုပ်စုဗိုလ် နေရာအတွက်လည်း သေချာသွားမှာဖြစ်တယ်။ PSV က ပြည်တွင်းလိဂ်မှာ ခြေစွမ်းပြနေပေမယ့် ချန်ပီယံလိဂ်မှာတော့ အဆင့်မမီသလိုဖြစ်နေပြီး တစ်မှတ်ပဲရထားတဲ့အသင်းပါ။ ဒီပွဲလည်း အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် ဘာစီလိုနာကို အရှုံးပေးရပါလိမ့်မယ်။ (၁-၃)လောက်ဖြစ်သွားနိုင်တယ်။

စပါး နှင့် အင်တာမီလန် ( ကြာသပတေးနံနက် ၂း၃၀ နာရီ )

    စပါးအတွက် သေရေးရှင်ရေးအချိန်ကိုရောက်နေပါပြီ။ လိဂ်ပြိုင်ပွဲမှာ ကောင်းသလောက် ချန်ပီယံလိဂ်မှာ ကံဆိုးနေတာ ကြောင့် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးက နည်းနေတယ်။ ဒါပေမဲ့ ဒီပွဲမှာ အင်တာမီလန်ကိုအနိုင်ကစားပြီး နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားမှာပါ။ 

PSG နှင့် လီဗာပူးလ် ( ကြာသပတေးနံနက် ၂း၃၀ နာရီ )

    ပထမအကျော့တုန်းက အိမ်ကွင်းနိုင်ပွဲအပါအဝင် လီဗာပူးလ်က ပြင်သစ်ကလပ်အသင်းတွေနဲ့ နောက်ဆုံး(၈)ပွဲကစား ခဲ့တာ (၇)ပွဲအနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဒီရာသီချန်ပီယံလိဂ်မှာ ရုန်းကန်နေရတာတွေ့ရတယ်။ အဖွင့်ပွဲမှာ PSG ကို အနိုင်ရခဲ့ပေမယ့် ဒုတိယပွဲမှာ အဓိကပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ နာပိုလီကိုရှုံးပြီး၊ နောက်နှစ်ပွဲမှာ အုပ်စုတွင်းအားအနည်းဆုံးအသင်းဖြစ်တဲ့ ဇဗက်ဒါကို တစ်ပွဲနိုင်၊ တစ်ပွဲရှုံးကစားခဲ့တယ်။ ဒါကြောင့် လက်ကျန်ပွဲစဉ်နှစ်ပွဲဖြစ်တဲ့ PSG၊ နာပိုလီတို့နဲ့ပွဲတွေမှာ အမှားမခံတဲ့အနေအထားဖြစ်သွားခဲ့ပြီး ဒီပွဲကိုသာရှုံးခဲ့ရင် အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ဖို့ အန္တရာယ်အရမ်းများသွားလိမ့် မယ်။ PSG ကလည်း နောက်ဆုံးပွဲမှာကစားမယ့် ဇဗက်ဒါနဲ့ပွဲကနေ (၃)မှတ်မျှော်လင့်ထားလို့ရတယ်ဆိုရင်တောင် ဒီပွဲမှာ လီဗာပူးလ်ကိုရှုံးခဲ့ရင် နောက်ဆုံးပွဲအတွက် မျှော်လင့်ချက်မရှိတော့တဲ့အနေအထားပါ။ ဒါကြောင့် အနိမ့်ဆုံးသရေကစားနိုင် ဖို့လိုတယ်။ ဒီအုပ်စုမှာ အသင်းကြီး(၃)သင်းရဲ့ အချင်းချင်းထိပ်တိုက်တွေ့ဆုံမှုရလဒ်တွေက သိပ်မကွာသလို၊ ခြေစွမ်းကလည်း သိပ်မကွာကြဘူး။ လူအင်အားအရဆိုရင် PSG က အတောင့်တင်းဆုံးလို့ ပြောနိုင်ပေမယ့် နာပိုလီက နှစ်ကျော့စလုံး PSG ထက် ပိုကောင်းခဲ့တာ၊ လီဗာပူးလ်က ပထမအကျော့မှာ အနိုင်ကစားထားတာတွေက PSG မှာလည်း အားနည်းမှုတွေရှိတယ် ဆိုတာကိုပြတယ်။ အိမ်ကွင်းမှာ အားသာချက်ရှိတာမှန်ပေမယ့် မာနေ၊ ဆာလာတို့လို ကစားသမားတွေက အထလေးတဲ့ PSG  ကို ဒုက္ခပေးသွားနိုင်တယ်။ သရေကျသွားမယ်ထင်တယ်။

နာပိုလီ နှင့် ဇဗက်ဒါ ( ကြာသပတေးနံနက် ၂း၃၀ နာရီ )

    ဇဗက်ဒါက နာပိုလီကို  အိမ်ကွင်းမှာတုန်းက သရေခံကစား ခဲ့တဲ့အသင်းဖြစ်ပြီး၊ လီဗာပူးလ်ကိုလည်း နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ (၂-၀)နဲ့ အနိုင်ရခဲ့တယ်။ အိမ်ကွင်းမှာ အဆိပ်ရှိတဲ့အသင်း လို့ ဆိုနိုင်ပေမယ့် အဝေးကွင်းမှာတော့ PSG ကို (၆)ဂိုး၊ လီဗာပူးလ်ကို (၄)ဂိ်ုးပေးခဲ့ရတယ်။ နာပိုလီတိုက်စစ်က PSG ၊ လီဗာ ပူးလ်တို့လောက် အားမကောင်းပေမယ့် ထိပ်တန်းအဆင့်မှာရှိတဲ့အသင်းတစ်သင်းဖြစ်ပြီး၊ ဒီပွဲက နာပိုလီအတွက် မဖြစ်မနေ အနိုင်ယူရမယ့်ပွဲလည်းဖြစ်နေတယ်။ နာပိုလီ (၃-၀)လောက်နဲ့ နိုင်လိမ့်မယ်။ 

ပေါ်တို နှင့် ရှော်လ်ကေး ( ကြာသပတေးနံနက် ၂း၃၀ နာရီ )

    ရှော်လ်ကေးက နိုင်ရင် နောက်တစ်ဆင့်တက်မှာဖြစ်ပြီး၊ ပေါ်တိုကတော့ သရေတစ်မှတ်ရရုံနဲ့ နောက်တစ်ဆင့်တက်နိုင်မှာဖြစ်တယ်။ လက်ရှိခြေစွမ်းအရ နှစ်သင်းစလုံးက အကောင်း ဆုံးပုံစံပြနေကြပြီး၊ ပြည်တွင်းလိဂ်မှာရော၊ ဥရောပမှာပါ ရလဒ် တွေကောင်းနေတဲ့အသင်းတွေဖြစ်တယ်။ ပထမအကျော့တုန်း က ရှော်လ်ကေးကွင်းမှာ (၁-၁)ဂိုးနဲ့သရေကျခဲ့ပြီး ဒီပွဲမှာတော့ အိမ်ရှင် ပေါ်တိုကို ပိုကြိုက်တယ်။

Most Read

Most Recent