ဒေါ့မွန်အသင်း၏ ဘတ်စ်ကားကို ဗုံးဖြင့်တိုက်ခိုက်ခဲ့သူ ထောင်ဒဏ် (၁၄) နှစ်ချမှတ်ခံရ

ဒေါ့မွန်အသင်း၏ ဘတ်စ်ကားကို ဗုံးဖြင့်တိုက်ခိုက်ခဲ့သူ ထောင်ဒဏ် (၁၄) နှစ်ချမှတ်ခံရ
Photo: AP
Photo: AP
Published 27 November 2018

 

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဧပြီလက ဒေါ့မွန်အသင်း၏ ဘတ်စ်ကားကို ဗုံးဖြင့်တိုက်ခိုက်ခဲ့သည့် ဆာဂျီဝါနာဂိုးလ်အား ဒေ့ါမွန်တရားရုံးက ထောင်ဒဏ် (၁၄) နှစ်ချမှတ်ခဲ့ကြောင်း AFP သတင်းဌာနကဖော်ပြခဲ့သည်။

အသက် (၂၉) နှစ်အရွယ်ရှိ ၀ါနာဂိုးလ်သည် ရုရှားနိုင်ငံတွင် မွေးဖွားခဲ့သည့် ဂျာမန်လူမျိုးဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီလ (၁၁) ရက်နေ့က ဒေါ့မွန်အသင်း၏ အိမ်ကွင်းတွင် မိုနာကိုအသင်းနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် ကစားရန်လာရောက်သည့် ဒေါ့မွန်အသင်း၏ ဘတ်စ်ကားကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၀ါနာဂိုးလ်ကိုစစ်ဆေးချက်များအရ ၄င်းသည် ဒေ့ါမွန်အသင်း၏ ဘတ်စ်ကားကို (၂၈) ကြိမ်တိုင်တိုက်ခိုက်ရန် ကြိုးစားခဲ့ပြီး လူများအသက်ဆုံးရှုံးစေရန် ရည်ရွယ်ချက်ရှိခဲ့ကြောင်း တရားသူကြီး ဝင်ဂတ်တာက ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် ဒေါ့မွန်အသင်း၏ ဘတ်စ်ကားပျက်စီးမှုဖြစ်ပေါ်ခဲ့သလို၊ ဒေါ့မွန်အသင်းနောက်ခံလူ ဘာထရာမှာ လက်ကောက်ဝတ်ရိုးကျိုးသွားခဲ့ပြီး ရဲအရာရှိတစ်ဦးမှာလည်း ဒဏ်ရာရခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်ရပ်အပြီး (၁၀) ရက်အကြာတွင် ၀ါနာဂိုးလ်ကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းက အမှုစစ်ဆေးခဲ့ကာ (၁၁) လအတွင်းတွင် ယခုကဲ့သို့ အမိန့်ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

၀ါနာဂိုးလ်အနေဖြင့် ဒေါ့မွန်အသင်း၏ဘတ်စ်ကားကို ယင်းကဲ့သို့တိုက်ခိုက်ခဲ့ခြင်းမှာ ထိုစဉ်က အသင်း၏ရှယ်ယာများကျဆင်းခြင်းကြောင့်ဖြစ်သည်ဟု သိရပြီး၊ ၄င်းအနေဖြင့် ယင်းဖြစ်ရပ်အတွက် တောင်းပန်ရန်ဆန္ဒရှိကြောင်း ၀ါနာဂိုးလ်၏ရှေ့နေဖြစ်သူက ပြောကြားခဲ့သည်။

Most Read

Most Recent