ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရစ်ဇီယိုဆာရီက မိမိသည် ယခုအချိန်အထိ ချယ်လ်ဆီးအသင်း၏ စရိုက်လက္ခဏာကို မသိရှိသေးကြောငး်နှင့် ယခုရာသီသည် မိမိတို့အတွက် ချန်ပီယံဆုကို မျှော်လင့်၍ရသည့် ရာသီမဟုတ်သေးကြောင်းလည်း ဝန်ခံပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် စပါးအသင်းနှင့် ကစားခဲ့သည့် လန်ဒန်ဒါဘီပွဲစဉ်တွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ယခုရာသီ အတွက် ပထမဆုံးရှုံးပွဲကိုလည်း ကြုံတွေ့ခဲ့သည်။
ယင်းပွဲတွင် ချယ်လ်ဆီးအသင်း၏ ကစားပုံမှာ အလွန်ဆိုးရွားနေ ခဲ့ပြီး ဆာရီ၏ လူနေရာချထားမှုအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
ဆာရီသည် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ချယ်လ်ဆီးအသင်း၏တည်ငြိမ်မှုမရှိသည့် အနေ အထားကို မိမိအားမရကြောင်း ပြောခဲ့ဖူးသူဖြစ်ပြီး မော်ရင်ဟို၊ ကွန်တီတို့လက်ထက်တွင် အလွန်ကောင်းမွန်သည့် ရာသီတစ်ခုကိုဖြတ်သန်းပြီး နောက်ရာသီတွင် အလွန် ဆိုးရွားသည့်ရာသီများကို ဖြတ်သန်းခဲ့ရခြင်းအပေါ် ရည် ရွယ်ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။
ယခုအခါ ၎င်းက '' ဒီအသင်းရဲ့ စရိုက်လက္ခဏာကို ကျွန်တော်အခုအချိန်အထိ နားမလည်သေးပါဘူး။ တော်တော်လေးလည်း ထူးဆန်း ပါတယ်။ ဒီအသင်းဟာ (၈၇)မှတ်ရခဲ့ပြီး နောက်ရာသီမှာ တော့ အမှတ် (၅၀)ပဲရတယ်။ ပြီးတော့ (၉၃) မှတ် ပြန်ရပြီး နောက်ရာသီမှာ ရမှတ် (၇၀)ပဲ ရပြန်တယ်။ ဒီအသင်းရဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းအပြီး တုံ့ပြန်မှုကို ကျွန် တော် ပြင်ဆင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ပထမဆုံးအနေနဲ့ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုအပြီးမှာ နောက်ပွဲအတွက် တည်ငြိမ်တဲ့အခြေအနေကိုရောက်အောင် အရင်ဆုံးလုပ် ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းဖြစ်နေတဲ့ ပြဿ နာကို ကျွန်တော်သိပါတယ်။ ဒါ ကြောင့် ဘယ်လိုဖြေရှင်း ရမလဲဆိုတာကိုလည်း ကျွန်တော် ကောင်းကောင်းသိပါ တယ်။ ကျွန်တော်တို့အသင်းအကြောင်းကို အားလုံးလည်း ကောင်းကောင်းသိနေကြပြီး အလုပ်ကို ပြင်းပြင်းထန်ထန် လုပ်နိုင်ဖို့လိုပါတယ်''ဟု ပြောကြားခဲ့သည်။
သို့ရာတွင် ယခုအချိန်၌ ချယ်လ်ဆီးအသင်း၏ အားနည်းချက်များကို ပြုပြင်ရန်အတွက်မှာလည်းအလွန် ခက်ခဲသည်ဟု ဆာရီကပြောကြားခဲ့သည်။
ဆာရီက မိမိ တို့အသင်းသည် အပြောင်းအရွှေ့မဟာဗျူဟာထက် လေ့ ကျင့်ရေးကွင်းတွင် ဖြေရှင်းရမည့်ပြဿနာဖြစ်ပြီး ယခု အချိန်မှစ၍ (၃၂)ရက်အတွင်း (၁၀)ပွဲကစားရမည့် အနေ အထားက ယင်းအခက်အခဲကို ပြေလည်အောင် ဖြေရှင်း နိုင်ရန်လွယ်ကူဦးမည်မဟုတ်ကြောင်းလည်း ပြောကြား ခဲ့သည်။
''အသင်းကို တိုးတက်လာအောင်လုပ်ဖို့အတွက် အချိန်အခက်အခဲက အဓိကပြဿနာဖြစ်ပါတယ်။ ပြဿနာတွေဖြေရှင်းဖို့အတွက် အချိန်က အဓိကအကြောင်း အရာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့မှာ တစ်ပွဲပြီးရင် နောက် တစ်ပွဲကို ပြင်ဆင်ဖို့အတွက်တောင် အချိန်လုံလုံလောက် လောက်မရှိပါဘူး။ ကျွန်တော်တို့ ပျမ်းမျှအားဖြင့် (၃)ရက် ကို တစ်ပွဲနှုန်းလောက်ကစားရမှာပါ။ တစ်ခုခုတော့လုပ်ဖို့ လိုပါတယ်။ အရင်ဆုံးကြိုးစားရမှာက အသင်းလိုက် ကောင်းလာဖို့ဖြစ်ပြီး နောက်ပိုင်းတော့ ကစားသမားတစ် ဦးချင်းကို ပိုကောင်းလာအောင်လုပ်ဖို့ ရည်ရွယ်ထားပါ တယ်''ဟု ဆာရီက ပြောကြားခဲ့သည်။