ဒုတိယသမ္မတ ဦးညိုစောနှင့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးနှင့် နားလည်မှုမြှင့်တင်နိုင်ရေး ​ဆွေး​​နွေး

ဒုတိယသမ္မတ ဦးညိုစောနှင့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးနှင့် နားလည်မှုမြှင့်တင်နိုင်ရေး ​ဆွေး​​နွေး
Published 20 July 2026

ဒုတိယသမ္မတ ဦးညိုစောသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ်မှ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး H.E. Mr. Indrika Ratwatte ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့(ဇူလိုင် ၂၀ ရက်)နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံခဲ့​ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ နှစ်ဖက်ပူး ပေါင်းဆောင်ရွက်ရေးနှင့် နားလည်မှုမြှင့်တင်နိုင်ရေး၊ ငလျင်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ အစိုးရ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့မှုများ၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ပွင့်လင်းမြင်သာစွာ အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့​ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့​ကြောင်း သိရသည်။

Most Read

Most Recent