မည်သည့်နိုင်ငံမဆို ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်လိုပါက လူသားအရင်းအမြစ် ဖွံ့ဖြိုးရန်လိုအပ်ပြီး လူသားအရင်းအမြစ်ကို ပျိုးထောင်ပေးနေသည့်နည်းလမ်းသည် ပညာရေးကဏ္ဍကို မြှင့်တင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

မည်သည့်နိုင်ငံမဆို ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်လိုပါက လူသားအရင်းအမြစ် ဖွံ့ဖြိုးရန်လိုအပ်ပြီး လူသားအရင်းအမြစ်ကို ပျိုးထောင်ပေးနေသည့်နည်းလမ်းသည် ပညာရေးကဏ္ဍကို မြှင့်တင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား
Published 16 July 2026

မည်သည့်နိုင်ငံမဆို ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်လိုပါက လူသားအရင်းအမြစ် ဖွံ့ဖြိုးရန်လိုအပ်ပြီး လူသားအရင်းအမြစ်ကို ပျိုးထောင်ပေးနေသည့်နည်းလမ်းသည် ပညာရေးကဏ္ဍကို မြှင့်တင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

မည်သည့်နိုင်ငံမဆို ရေရှည်တည်တံ့ခိုင် မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်လို ပါက လူသားအရင်းအမြစ် ဖွံ့ဖြိုးရန်လိုအပ်ပြီး လူသားအရင်းအမြစ်ကို ပျိုးထောင်ပေးနေ သည့် နည်းလမ်းသည် ပညာရေးကဏ္ဍကို မြှင့် တင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ပြောကြား သည်။

လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ၍ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့် တင်ရေးအတွက် “နိုင်ငံတော်၏ ပညာရေး ကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက် များ” အား ပညာရေးဝန်ကြီးဌာနက ရှင်းလင်း တင်ပြခြင်းအခမ်းအနားကို ဇူလိုင် ၁၅ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အ ဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပ ခဲ့ပြီး အဆိုပါ အခမ်းအနား၌ အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ထိုသို့ထည့် သွင်းပြောကြားခြင်းဖြစ်သည်။

အခမ်းအနားသို့ ပြည်ထောင်စုလွှတ် တော်နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ် တော် ဒုတိယနာယကJang Phang နော်တောင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦး မောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုလွှတ် တော်နာယက ဦးအောင်လင်းဒွေးက ယနေ့ပြု လုပ်သည့် အစီအစဉ်သည် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ JCC ၏ အစီအစဉ်နှင့် နိုင်ငံတော်၏ပညာရေးကဏ္ဍနှင့် ပတ်သက် သည့် ဆောင်ရွက်ချက်များကို လွှတ်တော် ကိုယ်စားလှယ်များသိရှိနိုင်ရန် ရှင်းလင်းတင်ပြ သွားမည့် အစီအစဉ်ဖြစ်ကြောင်း၊ ယခုအစီအ စဉ်ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပေါင်းစပ် ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ ပညာရေးလုပ်ငန်းစဉ်များ အ ကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ပိုမိုသိရှိနားလည်ပြီး လွှတ်တော်ကိုယ်စားလှယ် များ တာဝန်ထမ်းဆောင်မှုနှင့် စွမ်းဆောင်ရည် ပိုင်းတွင် ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ် ကြောင်း၊ ဝန်ကြီးဌာနများ၏ သတင်းအချက် အလက်များ မျှဝေပေးခြင်းအစီအစဉ်ကို ကဏ္ဍများအလိုက် ဆက်လက်စီစဉ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမဆို ရေရှည် တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကို တည် ဆောက်လိုပါက လူသားအရင်းအမြစ် ဖွံ့ဖြိုး ရန်လိုအပ်ကြောင်း၊ လူသားအရင်းအမြစ်ကို ပျိုးထောင်ပေးနေသည့် နည်းလမ်းသည် ပညာ ရေးကဏ္ဍကို မြှင့်တင်ခြင်းဖြစ်ကြောင်း၊ ပညာ ရေးသည် လူတစ်ဦးချင်းစီ၏ ဘဝဖွံ့ဖြိုးတိုး တက်မှုအတွက်သာမက တစ်နိုင်ငံလုံး၏ စီး ပွားရေး၊ လူမှုရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ ဒီမိုကရေစီနှင့် လူမှုရေးတရားမျှတမှု၊ နည်း ပညာခေတ်နှင့် လိုက်လျောညီထွေဖြစ်မှု စသည့် ယနေ့ခေတ်ကမ္ဘာလုံးဆိုင်ရာ ပြောင်း လဲမှုများကို ရင်ဆိုင်နိုင်ရေးအတွက် အလွန်ပင် အရေးပါကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍမြှင့်တင်ရေးသည် အနာဂတ်နိုင်ငံတော်အ တွက် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ပြောကြားသည်။

ပညာရေးသည် နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ ဖြိုးတိုးတက်မှုအတွက် ခိုင်မာသောအခြေခံ အုတ်မြစ်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံနှင့် ဖွံ့ဖြိုး ပြီးနိုင်ငံများ၏ အကြားတွင် ပညာရေး၏ ကွာ ဟမှုမြင့်မားခြင်းကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် အဓိက လုပ်ဆောင်ကြသည့်ကဏ္ဍများတွင် ပညာရေး ကဏ္ဍသည် ထိပ်ဆုံးမှပါဝင်ကြောင်း၊ ပညာရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲသည့်အခါ အတိမ်း အစောင်း အနည်းငယ်သည်ပင်လျှင် ကြီးစွာ သော သက်ရောက်မှုကို ဖြစ်ပေါ်စေနိုင် ကြောင်း၊ အထူးသဖြင့် တိုင်းပြည်၏ အနာဂတ် ခေါင်းဆောင်များသည် စာသင်ခန်းများအ တွင်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် အမြော်အမြင်ကြီးမားသည့်နိုင်ငံ့ ခေါင်းဆောင်တိုင်းသည် ပညာရေးကဏ္ဍတိုး တက်အောင် အဘက်ဘက်က အားပေးဆောင် ရွက်လျက်ရှိကြကြောင်း ပြည်ထောင်စုလွှတ် တော်နာယကက ပြောကြားသည်။

ဥပဒေပြုရေးမဏ္ဍိုင်သည် နိုင်ငံတော်အ တွက် အရေးပါသည့် မဏ္ဍိုင်တစ်ရပ်ဖြစ် ကြောင်း၊ ယနေ့ကျင်းပသည့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့် စပ်လျဉ်းသော ဆွေးနွေးပွဲတွင် ပညာရေးကဏ္ဍ၏ အလွန်အ ရေးကြီးသည့် အကြောင်းအရာများ ပါဝင် ကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ အရည်အသွေးမြှင့်တင်ရေးကို စဉ်ဆက်မပြတ် လေ့ကျင့်တည်ဆောက်ရမည်ဖြစ်သဖြင့် ယနေ့ ဆွေးနွေးပွဲမှ ကိုယ်စားလှယ်များ၏ စွမ်းရည်ကို ပိုမိုပြည့်စုံကောင်းမွန်လာရန် များစွာအ ထောက်အကူ ပြုမည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြော ကြားသည်။

ကိုယ်စားလှယ်များအနေဖြင့် ယနေ့ ပညာရေး ကဏ္ဍမြှင့်တင်ရေးနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲမှ ရရှိလာမည့် အသိပညာ၊ ဗဟုသု တများကို မိမိတို့၏ သက်ဆိုင်ရာမဲဆန္ဒနယ်များ တွင် အကျိုးရှိစွာပြန်လည် အသုံးချပြီး နိုင်ငံ နှင့်ပြည်သူက အားကိုးအားထားပြုရသည့် အရည်အချင်းပြည့်ဝသည့် ကိုယ်စားလှယ်များ ဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားရန် ပြည်ထောင်စုလွှတ်တော်နာယကက တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က နိုင်ငံ တော်၏ ပညာရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီးနောက် လွှတ်တော်ကိုယ်စား လှယ်များက မြန်မာ့ပညာရေးကဏ္ဍ အဆင့် မြှင့်တင်ရေးအတွက် ဆောင်ရွက်သင့်သည့် အချက်များနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြု ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ဒုတိယဝန် ကြီးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent