လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံရှိ ထက်လွမ်ဘုရားအား ဖူးမျှော်ကြည်ညို

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံရှိ ထက်လွမ်ဘုရားအား ဖူးမျှော်ကြည်ညို
Published 4 July 2026

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ ထက်လွမ်ဘုရားအား ဖူးမျှော်ကြည်ညိုခဲ့ကြသည်။

 

လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် (ဇူလိုင် ၄ ရက်) ယနေ့ နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ ထက်လွမ်ဘုရားအား ဖူးမျှော်ကြည်ညိုခဲ့ကြခြင်း ဖြစ်သည်။

 

ထက်လွမ်ဘုရားသို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့အား ကော်ဇောနီခင်း၍ လာအိုတိုင်းရင်းသားအဖွဲ့များက ကြိုဆိုခဲ့ကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ထက်လွမ်ဘုရား အနောက်ဖက်မုဒ်ဦးမှတစ်ဆင့် ဝင်ရောက်၍ ဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးများနှင့် ဆီမီးများ ဆပ်ကပ်ပူဇော်ခဲ့ကြသည်။

 

ထို့နောက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထက်လွမ်ဘုရား၏ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ထက်လွမ်ဘုရားဝင်းအတွင်းရှိ ဓမ္မခန်းမ၌ လာအို ဗုဒ္ဓဘာသာအသင်းဗဟို၏ ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံ သံဃရာဇာဘုန်းတော်ကြီး Maha Ahjan Yai Mahaved Manenai နှင့် လာအိုနိုင်ငံမှ သက်တော် (၁၀၆) နှစ်ရှိ ဘုန်းတော်ကြီး Most Ven. Noi Sangvalo တို့အား ဖူးမြော်ခဲ့ကြသည်

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် လာအိုဗုဒ္ဓဘာသာအသင်းဗဟို၏ ဥက္ကဋ္ဌနှင့် လာအို နိုင်ငံ သံဃရာဇာဘုန်းတော်ကြီး Maha Ahjan Yai Mahaved Manenai လာအိုမှ သက်တော် (၁၀၆) နှစ် ရှိ ဘုန်းတော်ကြီး Most Ven. Noi Sangvalo တို့ အား လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

Most Read

Most Recent