■ ထိုင်းနိုင်ငံတွင်ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၉၅ ဦးကိုကော့သောင်းမြို့သို့ ပြန်ပို့

■ ထိုင်းနိုင်ငံတွင်ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၉၅ ဦးကိုကော့သောင်းမြို့သို့ ပြန်ပို့
Published 3 July 2026

ထိုင်းနိုင်ငံတွင်ပြစ်ဒဏ်ကျခံပြီးသည့်မြန်မာရွှေ့ပြောင်းလုပ် သား ၉၅ ဦးကိုကော့သောင်းမြို့သို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂  ရက်နေ့က ထိုင်းနိုင်ငံ၊ရနှောင်းမြို့မှ တနသ်ာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့သို့ မြန်မာနိုင်ငံသားများကို ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၊ရနောင်းခရိုင်၊ရနောင်းမြို့၊လူဝင်မှုကြီးကြပ်ရေးရဲစခန်းအချုပ်ဆောင် IDC ၌ထိန်းသိမ်းထားရှိပြီးအကြောင်းအမျိုးမျိုးကြောင့်ထိုင်းနိုင် ငံ၏တည်ဆဲဥပဒေများကို၏ဖောက်ဖျက်ကျူးလွန်၍ပြစ် ဒဏ်ကျခံပြီးသူမြန်မာနိုင်ငံသားအလုပ်သမား ကျား ၇၉ ဦး၊ မ ၁၆ ဦး၊ပေါင်း ၉၅ ဦးတို့အားရနောင်းမြို့အခြေစိုက်အ လုပ်သမားသံအရာရှိဦးအောင်စိုးသန်းဦးဆောင်၍ ပဲ့ချိတ် စက်လှေ ၈ စီးဖြင့် လာရောက်လွှဲပြောင်းပေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဒုဦးစီးမှူး ဦးရဲဇာနည်၊ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်မှ ဒုရဲမှူးအောင်ဆန်းဝင်းနှင့်ခရိုင်/မြို့နယ်တာဝန်ရှိသူများကကြို ဆိုလက်ခံခဲ့ကြောင်း သိရသည်။

" မြန်မာနိုင်ငံသားတွေက ထိုင်းတောင်ပိုင်းဒေသတွေမှာဥပဒေဖောက်ဖျက်မိလို့ထောင်ကျခံရပြီးသူတွေဖြစ်တယ်သူတို့ကလွတ်ရက်စေ့လို့ပြန်လွတ်လာသူတွေပါ၊ရနှောင်းကနေတဆင့်ကော့သောင်းကိုပြန်ပို့တယ်၊ဒီဘက်ကလက်ခံပြီးနေရပ်ပြန်ပို့ပေးတာမျိုး တွေလုပ်တာ"လို့ကော့သောင်းဒေသခံတစ်ဦးကပြောကြားခဲ့သည်။

ပြန်လည်ရောက်ရှိလာသည့်မြန်မာနိုင်ငံသားများအား ကိုဗစ်-၁၉ ရောဂါပိုးနှင့်အခြားကူးစက်ရောဂါပိုးကူးစက်ခံရမှုရှိ/မရှိ စစ်ဆေးခြင်း၊တာဝန်ရှိသူများကကိုယ်ရေးအချက် အလက်များရယူခြင်း၊ CDM ဝန်ထမ်းများ၊ အမည်မည်းစာရင်းတွင်ပါဝင်သူများ၊လူကုန်ကူးမှုဖြင့်အလိုရှိသူများနှင့် လူကုန်ကူးခံရသူများ၊တရားခံပြေးများပါဝင်လာခြင်းရှိ/မရှိ စစ်ဆေးခြင်း၊လဝကမှ မှတ်ပုံတင်လုံးဝ(လုံးဝ) မပြုလုပ်ရ‌ သေးသူများကို  NVC ‌ ခေါ်  (နိုင်ငံသားစိစစ်ခံမည့်သူ၏ သက်သေခံကတ်ပြားထုတ်ပေးခြင်း၊စမတ်ကတ်ပြာလုပ်ပေးခြင်းများကိုဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။ NVC ပြုလုပ်ပေးရသည့်ရည်ရွယ်ချက်မှာမိမိတို့နေရပ်‌ဒေသပြန်ရောက်ပါကနီးစပ်ရာလဝကရုံး၌နိုင်ငံသားစိစစ်ရေးကတ်ပြားအလွယ် တကူပြုလုပ်နိုင်ရန်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent