ရှမ်းပြည်နယ်တောင်ပိုင်း ခရိုင်(၈) ခုတွင် ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၉ ကျောင်းကို ခွင့်ပြုထားကြောင်း သိရ

ရှမ်းပြည်နယ်တောင်ပိုင်း ခရိုင်(၈) ခုတွင် ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၉ ကျောင်းကို ခွင့်ပြုထားကြောင်း သိရ
Published 1 July 2026

ရှမ်းပြည်နယ်တောင်ပိုင်း ခရိုင်(၈) ခုတွင် ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၉ ကျောင်းကို ခွင့်ပြုထားကြောင်း ရှမ်းပြည်နယ် ပညာရေးမှူးရုံး ထံမှ သိရသည်။

ရှမ်းပြည်တောင်ပိုင်း ရှိ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်၊ ကလောခရိုင်၊ မိုင်းရှူးခရိုင်၊ နမ့်စန်ခရိုင် ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့တွင် ယမန်နှစ် က ကျောင်းပေါင်း ၉၆ ကျောင်း ရှိရာတွင် ၃ ကျောင်း ပိတ်သိမ်းသဖြင့် ၉၃ ကျောင်း ရှိကြောင်း၊ ယခုနှစ် တွင် ကျောင်းပေါင်း ၁၆ ကျောင်း ထပ်တိုးလာသဖြင့် ကိုယ်ပိုင်ကျောင်း စုစုပေါင်း ၁၀၉ ကျောင်း ကို ခွင့်ပြုထားခြင်း ရှိကြောင်း ကြား သိရသည်။

အဆိုပါ အသစ် တိုးလာသော ကိုယ်ပိုင် ကျောင်းများမှာ တောင်ကြီးတွင် ၆ ကျောင်း၊ ကလောတွင် ၂ ကျောင်း၊ ကွန်ဟိန်းတွင် တစ်ကျောင်း ၊ ဆီဆိုင် တစ်ကျောင်း ၊ ညောင်ရွှေ တစ်ကျောင်း ၊ နမ့်စန် တွင် ၃ ကျောင်း၊ ပင်လောင်း တွင် တစ်ကျောင်း ၊ ဟိုပုံး တွင် တစ်ကျောင်း စုစုပေါင်း ၁၆ ကျောင်း အသစ် တိုးလာခြင်း ဖြစ်ကြောင်း စာရင်း အရ သိရသည်။ အဆိုပါ ကျောင်းများမှာ မူလတန်းကျောင်း ၁၂ ကျောင်း နှင့် အထက်တန်းကျောင်း ၄ ကျောင်း ၊ စုစုပေါင်း ကိုယ်ပိုင်ကျောင်း ၁၆ ကျောင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ကိုယ်ပိုင်ကျောင်း အများဆုံး တည်ရှိသော နေရာမှာ တောင်ကြီးမြို့နယ်ပင်ဖြစ်သည်။ 

တောင်ကြီးမြို့နယ်တွင် ကိုယ်ပိုင်ကျောင်းပေါင်း ၄၅ ကျောင်း ရှိရာတွင် အောင်မြေသစ် ကျောင်း နှင့် Aung Brother တို့ကို စည်းကမ်းချက် နှင့် ကိုက်ညီခြင်း မရှိသော ကြောင့် ပိတ်သိမ်း အရေးယူခဲ့ခြင်းကြောင့် ကိုယ်ပိုင်ကျောင်း ၄၃ ကျောင်း ရှိရာ၊ နောက်ထပ် ၆ ကျောင်း အသစ် တိုးလာ သဖြင့် ကျောင်းပေါင်း ၄၉ ကျောင်း ရှိကြောင်း တောင်ကြီးမြို့နယ် ပညာရေး ရုံး ထံမှ သိရသည်။

ကိုယ်ပိုင်ကျောင်းများကို စည်းကမ်းချက် နှင့် ကိုက်ညီမှု ရှိမရှိ အချိန်နှင့် တပြေးညီ လိုက်လံ စီစစ်မှုများ ရှိကြောင်းကိုလည်း ရှမ်းပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Most Read

Most Recent