နယ်စပ်ဒေသဖွံ့ဖြိုးရေး ဆပ်ကော်မတီခုနစ်ခုအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ၁၃၉၇ ဘီလျံခွင့်ပြုပေးထားပြီး ဒေသဆိုင်ရာလုပ်ငန်း ကော်မတီကိုးခုအတွက် ရန်ပုံငွေ ၆၄၃ ဒသမ ၆၈ ဘီလျံခွင့်ပြုပေးထား

နယ်စပ်ဒေသဖွံ့ဖြိုးရေး ဆပ်ကော်မတီခုနစ်ခုအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ၁၃၉၇ ဘီလျံခွင့်ပြုပေးထားပြီး ဒေသဆိုင်ရာလုပ်ငန်း ကော်မတီကိုးခုအတွက် ရန်ပုံငွေ ၆၄၃ ဒသမ ၆၈ ဘီလျံခွင့်ပြုပေးထား
Published 27 June 2026

နယ်စပ်ဒေသဖွံ့ဖြိုးရေး ဆပ်ကော်မတီခုနစ်ခုအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ၁၃၉၇ ဘီလျံခွင့်ပြုပေးထားပြီး ဒေသဆိုင်ရာလုပ်ငန်း ကော်မတီကိုးခုအတွက် ရန်ပုံငွေ ၆၄၃ ဒသမ ၆၈ ဘီလျံခွင့်ပြုပေးထား​ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပြောကြားချက်အရ သိရသည်။

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေးဗဟိုကော်မတီအစည်းအဝေးကို ဇွန် ၂၆ ရက်တွင် နိုင်ငံတော်သမ္မတ ရုံးတော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံ​တော်သမ္မတကထိုသို့ ထည့်သွင်း​ပြောကြားခြင်းဖြစ်သည်။

နိုင်ငံ​တော်သမ္မတက ယခုနယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီသည် ယခင် ၁၉၈၉ ခုနှစ် နဝတ ခေတ်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီးချိန်တွင် ငြိမ်းချမ်းရေးယူခဲ့သည့် နယ်မြေများတွင် အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ရစ်ခဲ့ပြီး အဆိုပါ နယ်စပ်ဒေသများ၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ပေးနိုင်ရန် ဗဟိုကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်မှစတင်၍ အစိုးရအဆက်ဆက် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီးလုပ်ငန်းများပီပီပြင်ပြင်ဖြစ်သည်များရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရှိသည့် လုပ်ငန်းများလည်းရှိခဲ့ကြောင်း၊ အဓိကအားဖြင့်နယ်စပ်ဒေသရှိတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝဆိုရာတွင် ပြည်သူတစ်ဦးချင်း ဆောင်ရွက် ရမည်ဖြစ်သကဲ့သို့ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှဆောင်ရွက်ပေးရခြင်းဖြစ် ကြောင်း ​ပြောကြားသည်။

နယ်စပ်ဒေသတိုင်းရင်းသားများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည်တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် ကိစ္စရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများ၌ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များ ထွက်ပေါ်လာစေရေးအတွက်လည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ပညာရပ်များ သင်ကြားပြီးဆုံးသည့်အချိန်တွင် ၎င်းတို့ဒေသ၌ပင် သက်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များကို ဝင်ရောက်ထမ်းဆောင်နိုင်ရန်လိုကြောင်း၊ အဓိကအားဖြင့် လူသားအရင်းအမြစ်လိုအပ်ချက်သည် အရေးကြီးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖွင့်လှစ်ပေးထားသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး သင်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားကြစေရေး စည်းရုံးဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးသည့် ကိစ္စရပ်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတည်ငြိမ်အေးချမ်းရန်အတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံကောင်းအောင်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မည်ကဲ့သို့ဆောင်ရွက် သင့်သည်ကို စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

ထို့ပြင် မိမိတို့အစိုးရအဖွဲ့တာဝန်ယူ ပြီးနောက်ပိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ဆပ်ကော်မတီ ခုနစ်ခုအတွက် ရန်ပုံငွေ ၁၃၉၇ ဘီလျံခွင့်ပြုပေးထားပြီး ဒေသဆိုင်ရာလုပ်ငန်း ကော်မတီကိုးခုအတွက်လည်း ရန်ပုံငွေ ၆၄၃ ဒသမ ၆၈ ဘီလျံကိုခွင့်ပြုပေးထားကြောင်း၊လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် စံချိန်စံညွှန်းနှင့်ညီညွတ်အောင် ဟန်ချက်ညီညီဖြင့်ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း၊ တာဝန်ရှိသည့် ကော်မတီဝင်များအနေဖြင့် စုပေါင်းအား ဖြင့်အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံ​တော်သမ္မတကပြောကြားသည်။

ထို့အတူ မိမိတို့ဗဟိုကော်မတီသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံဖြိုးတိုးတက်မှုကို အဓိကအကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပြီး ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရန်နှင့် တိုင်းရင်းသားလူမျိုးအလိုက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့ဗဟိုကော်မတီ၏ ရည်ရွယ်ချက်များကို အောင် မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဆောင်ရွက်မှုများကိုလည်းပြန်လည်သုံးသပ်ရန်လိုကြောင်း၊ နယ်စပ်ဒေသရှိတိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီစတင်ဖွဲ့စည်းချိန်မှစတင်၍ ယနေ့ အထိ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့သည့် နယ်စပ်ဒေသ တိုင်းရင်းသာလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့သည် တိုးတက်မှုလုပ်ငန်းပမာဏများကို ပြန်လည်စိစစ် သုံးသပ် ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံ​တော်သမ္မတကဆိုသည်။

ယင်းအပြင် ကျန်းမာရေးကဏ္ဍကိုဖြည့်ဆည်းဆောင်ရွက်ရာတွင် မိမိ၏မူဝါဒမှာ ဆေးရုံရှိပါက ဆရာဝန်ရှိရမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားများအတွက် အထူးပြု ထားခြင်းဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများကို ထိထိရောက်ရောက် အကျိုးရှိစွာဖြင့် အသုံးချဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းရင်းသားများနှင့် ပတ်သက်၍ အသိပညာပေးမှုများကို ထုတ်ပြန်ဆောင်ရွက်ရာတွင်လည်း စိတ်ပါဝင်စားစွာဖြင့် အကြောင်းအရာများကို သိရှိနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကျွမ်းကျင်သည့်လုပ်သားများနှင့် ပညာရှင်လူသားအရင်းအမြစ်များ ပေါများ ကြွယ်ဝလာရန်အရေးကြီးကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

ဒေသဝမ်းစာဖူလုံရေးနှင့်ပတ်သက်၍ စပါးစိုက်ပျိုးရန်အတွက် အခက်အခဲရှိပြီး ဒေသဝမ်းစာဖူလုံမှုမရှိသည့်ချင်းပြည်နယ်ကဲ့သို့သော ဒေသများတွင် ဝမ်းစာဖူလုံရေးအတွက် ဝဥများစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အလားတူအဆိုပါဒေသများ၌ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် လက်ဖက်၊ ကော်ဖီနှင့် ထောပတ် စိုက်ပျိုးခြင်းများကိုလည်း အောင်မြင်အောင်ဆောင်ရွက်ပြီး ဒေသဝင်ငွေ တိုးတက်အောင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ ဝေးလံခေါင်ပါးသည့်နယ်စပ်ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံ့ဝန်ထမ်းများကိုလည်း ၎င်းတို့ကိုတာဝန်ထမ်းဆောင်ရမည့် နေရာများသို့ သွားရောက်တာဝန်ထမ်းဆောင်စေရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွား ကြရမည်ဖြစ်သကဲ့သို့ ၎င်းတို့၏သက်သာချောင်ချိရေးနှင့် ရပိုင်ခွင့်များကိုလည်း ဖန်တီး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အမှန်တကယ်ဝေးလံခေါင်ဖျားသည့် ဒေသတွင်ရှိသည့် တိုင်းရင်းသားမျိုးနွယ်စုများထံ ရောက်ရှိအောင်သွားရောက်ပြီး နယ်စပ်ဒေသရှိတိုင်းရင်းသားများ၏အကျိုးကို အမှန်တကယ် ဖော်ဆောင်ပေးရန်လိုကြောင်း၊ ဒေသခံ ပြည်သူများ၏အသံများ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏အသံများကို နားထောင်၍ ထိရောက်သည့် လုပ်ငန်းအကောင်အထည်ဖော်မှုများကို ဆောင်ရွက်သွားကြရန်တိုက်တွန်း​ကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတနှင့်အတူ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့​ကြောင်း သိရသည်။

Most Read

Most Recent