ဗင်နီဇွဲလားနိုင်ငံတွင် မိနစ်ပိုင်းသာခြားပြီး အင်အားပြင်းငလျင်ကြီးနှစ်ခုလှုပ်ခတ်ပြီး အဆောက်အအုံများ ပြိုကျကာ လူအသေအပျောက်များနိုင်

ဗင်နီဇွဲလားနိုင်ငံတွင် မိနစ်ပိုင်းသာခြားပြီး အင်အားပြင်းငလျင်ကြီးနှစ်ခုလှုပ်ခတ်ပြီး အဆောက်အအုံများ ပြိုကျကာ လူအသေအပျောက်များနိုင်
Published 25 June 2026

ဗင်နီဇွဲလားနိုင်ငံတွင် မိနစ်ပိုင်းသာခြားပြီး အင်အားပြင်းငလျင်ကြီးနှစ်ခုလှုပ်ခတ်ပြီး အဆောက်အအုံများ ပြိုကျကာ လူအသေအပျောက်များနိုင်သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။

ငလျင်မှာ ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်တွင် လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ ရှိကာ ငလျင်ကြောင့် အဆောက်အအုံများ ပြိုကျခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြသည်။

ငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဗင်နီဇွဲလားနိုင်ငံ ကာရာကတ်စ်မြို့တွင် လူအများအပြားကို ထိတ်လန့်စေခဲ့ပြီး လမ်းမပေါ်သို့ ပြေးထွက်ခဲ့သည်။

သေဆုံးမှု ရှိ၊ မရှိကို လတ်တလောအခြေအနေများအရ မသိရသေးသော်လည်း လူအချို့ ထိခိုက်ဒဏ်ရာရကာ အဆောက်အအုံများ ပြိုကျခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Diosdado Cabello က ပြောကြားခဲ့သည်။

"လှေကားထစ်တွေကနေ ပြေးဆင်းလာတော့ နံရံတစ်ခုလုံး အက်ကွဲသွားတယ်။ မျက်နှာကျက်ကနေ  ပြုတ်ကျတာတွေရှိတယ်။ ကြောက်စရာကောင်းတယ်" ဟု ကာရာကတ်စ်မြို့ ရှိ အသက် ၅၄ နှစ်အရွယ် ဘဏ်ဝန်ထမ်း Odalis Escalona က ပြောကြားခဲ့သည်။

AFP ဂျာနယ်လစ်တစ်ဦးသည် Altamira ရပ်ကွက်တွင် 22 ထပ် အဆောက်အအုံ လုံးဝ ပျက်စီးသွားသည်ကို မြင်တွေ့ခဲ့ရသည်။

USGS ၏ ထုတ်ပြန်ချက်အရ ပထမငလျင်မှာ ဗင်နီဇွဲလားနိုင်ငံ ကမ်းရိုးတန်းမြို့ဖြစ်သည့် မိုရွန်မြို့၏ အနောက်ဘက်မှာ ဗဟိုပြုပြီး ပထမအကြိမ်လှုပ်ခတ်ခဲ့ကာ တစ်မိနစ်အတွင်းမှာပင် ပြင်းအား ၇ ဒသမ ၅ ရှိငလျင်ကြီးက ထပ်မံလှုပ်ခတ်ခဲ့သည်ဟု သိရသည်။

အနက် 22 ကီလိုမီတာနှင့် 10 ကီလိုမီတာအသီးသီးတွင် ငလျင်လှုပ်ခတ်မှုကြောင့် ကာရာကတ်စ်မြို့ ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ထိတ်လန့်တကြားအော်ဟစ်ခဲ့ကြောင်း AFP သတင်းထောက်တစ်ဦးက ပြောကြားသည်။

မယုံနိုင်စရာပါပဲ၊ ဘယ်လောက်ကြာကြာလှုပ်မှန်းတောင် မသိပါဘူးဟု ငလျင်လှုပ်ခတ်ချိန်တွင် ဈေးဝယ်စင်တာ၏ အပေါ်ဆုံးထပ်ရှိ ဆိုင်ပိုင်ရှင် Heidi Romero က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ အရေးပေါ် လှေကားထစ်တွေကနေ ထွက်သွားတယ်၊ အဲဒါက ကျွန်တော်တို့ကို ကယ်ခဲ့တာ" ဟု အသက် ၄၂ နှစ်အရွယ် အမျိုးသားက AFP သို့ ပြောကြားခဲ့သည်။

ဗင်နီဇွဲလားငလျင်၏ ပြင်းအားမှာ အိမ်နီးချင်းနိုင်ငံ ကိုလံဘီယာနိုင်ငံ၏ မြို့တော် ဘိုဂိုတာမြို့အထိ ရိုက်ခတ်ခဲ့ပြီး ကိုလံဘီယာနိုင်ငံတွင်လည်း ငလျင်သတင်းပေးပို့ချက် ၂၀၀ ကျော်အထိ ရရှိခဲ့ကာ နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ခတ်နိုငသဖြင့် သတိထားနေထိုင်ကြရန် ကိုလံဘီယာအစိုးရက နှိုးဆော်ထားသည်။

Photo - AFP

Most Read

Most Recent