ဇူလိုင်လ (၁) ရက်မှစတင်ကာ တွင် ရန်ကုန် - မော်လမြိုင် - ရန်ကုန် DEMU (Diesel – Electric Multiple Unit) ရထားပြေးသွားမည်ဖြစ်ကြောင်းနှင့်Online Ticket စနစ်ဖြင့် လက်မှတ်များရောင်းချသွားမည်

ဇူလိုင်လ (၁) ရက်မှစတင်ကာ တွင် ရန်ကုန် - မော်လမြိုင် - ရန်ကုန် DEMU (Diesel – Electric Multiple Unit) ရထားပြေးသွားမည်ဖြစ်ကြောင်းနှင့်Online Ticket စနစ်ဖြင့် လက်မှတ်များရောင်းချသွားမည်
Published 22 June 2026

လာမည့် ဇူလိုင်လ (၁) ရက်နေ့မှစတင်ကာတွင် ရန်ကုန် - မော်လမြိုင် - ရန်ကုန် DEMU (Diesel – Electric Multiple Unit) ရထားပြေးသွားမည်ဖြစ်ကြောင်းနှင့်Online Ticket စနစ်ဖြင့် လက်မှတ်များရောင်းချသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး၏ ပြောကြားချက်များအရ သိရသည်။

ရထားလက်မှတ်ကိုတော့ ပြည်သူတွေအလွယ်တကူဝယ်ယူရရှိနိုင်စေဖို့အတွက် Online Ticket စနစ်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းကိုတော့ မသတ်မှတ်ရသေးပေးမယ် သက်ဆိုင်ရာကနေ ကြိုတင်ကြေညာပေးသွားမှာဖြစ်ပါတယ် ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန် - မော်လမြိုင် - ရန်ကုန် DEMU (Diesel – Electric Multiple Unit) ရထားတွင် ရထားတွဲ(၆) တွဲပါဝင်မည်ဖြစ်ကြောင်းနှင့် ထိုင်ခုံ (၂၆၄) ခုံပါဝင်မည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီး မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

ရန်ကုန် - မော်လမြိုင် အမှတ် (၈၃) အဆန် DEMU ရထားမှာ ရန်ကုန်ဘူတာကြီးမှ နံနက် (၅) နာရီအချိန်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး မော်လမြိုင်ဘူတာသို့ နံနက် (၁၁) နာရီအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး၊ မော်လမြိုင် - ရန်ကုန် အမှတ် (၈၄) အစုန် DEMU ရထားမှာ မော်လမြိုင်ဘူတာမှ မွန်းလွဲ (၁) နာရီအချိန်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ ည (၇) နာရီအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

ရန်ကုန် - မော်လမြိုင် - ရန်ကုန် DEMU (Diesel – Electric Multiple Unit) ရထားမှာ တိုးချောင်ကလေး၊ ပဲခူး၊ ဝေါ၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံ နှင့် ပေါင်ဘူတာများတွင် ရပ်နားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ရန်ကုန် - မော်လမြိုင် အမှတ် (၈၁) အဆန် ရထားအား ရန်ကုန်ဘူတာကြီးမှ နံနက် (၇) နာရီ (၃၀) မိနစ်အချိန်တွင်လည်းကောင်း၊ မော်လမြိုင် - ရန်ကုန် အမှတ် (၈၂) အစုန် ရထားအား မော်လမြိုင်ဘူတာကြီးမှ နံနက် (၇) နာရီ (၃၀) မိနစ်အချိန်တွင်လည်းကောင်း နေ့စဉ်ပြေးဆွဲနေကြောင်း သိရသည်။

 

Most Read

Most Recent