ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လျှပ်စစ်ဓါတ်အား အပြည့်အဝရရှိရေးအတွက် ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ရန်ကုန်တိုင်းလွှတ်တော်တွင်မေးမြန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လျှပ်စစ်ဓါတ်အား အပြည့်အဝရရှိရေးအတွက် ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ရန်ကုန်တိုင်းလွှတ်တော်တွင်မေးမြန်း
Published 19 June 2026

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လျှပ်စစ်ဓါတ်အား အပြည့်အဝရရှိရေး အတွက် ကျောက်တံတားမြို့ နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ရန်ကုန်တိုင်းလွှတ်တော်တွင်မေးမြန်းခဲ့ကြောင်း သိရသည်။

ဇွန် ၁၉ ရက်ကပြုလုပ်သော တတိယအကြိမ်  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့အစီအစဉ်တွင် ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးသိန်းနိုင်က အထက်ပါ မေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီနှင့် ရေရှည်ကာလများတွင် လျှပ်စစ်ဓါတ်အား လုံလောက်စွာ ရရှိစေရန် မည်သို့သော ရေတို/ရေရှည်စီမံကိန်းများချမှတ်ဆောင် ရွက်ထားရှိမည့် အစီအစဉ်ရှိ/မရှိ။ နိုင်ငံအ တွင်း ရေအားလျှပ်စစ်၊ သဘာဝဓါတ်ငွေ့တိုး မြှင့်ရယူသုံးစွဲနေရခြင်းထက် ရန်ကုန်တိုင်းဒေ သကြီးအတွင်း မြေလွတ်မြေရိုင်းများစွာ ရှိရာ ထိုမြေလွတ်များအပေါ်တွင် ချက်ချင်းအ ကောင်အထည်ဖော်ဆောင်ရွက်မည့် နေ ရောင်ခြည်စွမ်းအင်သုံး(Solar Energy) စနစ်၊ လေအားစွမ်းအင်သုံးစနစ်(Win Energy) ၊ ရန်ကုန်မြို့မှနေ့စဉ်ထွက်ရှိနေ သော စွန့်ပစ်အမှိုက်များကို အသုံးပြု၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း(Waste to Energy ) စသည့် အခြားသော စွမ်းအင်အရင်းအမြစ်များဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှု ပြုလုပ်ရန် အစီအစဉ်ရှိ/မရှိ၏။ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမှု စနစ်ကောင်းမွန်စေရန်၊ တည်ငြိမ်ဗို့အား ပြည့်ဝစွာ ရရှိစေရန်၊ လေလွင့်ဆုံးရှုံးမှုများ လျှော့နည်းစေရန် ဓါတ်အားခွဲရုံများနှင့် ဓါတ်အားလိုင်းများအား အ ဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားခြင်းရှိ/မရှိ။ အစီအစဉ်များရှိပါက မည်သည့်သဏ္ဍာရေးနှစ်တွင် စီမံကိန်းထည့်သွင်းအကောင်အထည် ဆောင်ရွက်သွားမည်ကို သိရှိလိုပါတယ်”ဟု ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးသိန်းနိုင်က မေးခွန်းမေးမြန်းရာတွင် ပြောကြားခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာကျပြီး လူဦးရေ အထူထပ်ဆုံး၊ စက်မှုဇုံအများဆုံးတည်ရှိရာ တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ လျှပ်စစ်ဓါတ်အားသုံးစွဲမှုများမှာလည်း တစ်နိုင်ငံလုံး ၏ထက်ဝက်နီးပါးသုံးစွဲနေရသော တိုင်းဒေကြီးတစ်ခုဖြစ်ပါကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

သို့ရာတွင် လျှပ်စစ်ဓါတ်အား ပုံမှန်မရရှိခြင်း၊ အထူးသဖြင့် နှစ်စဉ်နွေရာသီကာလများနှင့် အချို့ကာလများတွင် လျှပ်စစ်ဓါတ်အားလုံလောက်စွာ မရရှိခြင်းတို့ကြောင့် အလှည့်ကျစနစ်ဖြင့် အများပြည်သူများအား ဖြန့်ဝေပေးနေရခြင်းမှာ တိုင်းဒေသကြီးအတွင်း နေထိုင်သည့်ပြည်သူများ၏ လူမှုစီးပွားဘဝ၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်ထုတ်လုပ်မှုများကို များစွာ ထိခိုက်စေလျှက်ရှိပါကြောင်း၊ ထို့အပြင် ပြည်ပနိုင်ငံများမှ ရင်းနှီး မြုပ်နှံမှုများကိုလည်း အဟန့်အတားတစ်ခုဖြစ်စေပါကြောင်း၊နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုသည် လျှပ်စစ်ဓါတ်အား ရရှိမှု အပေါ်တွင်လည်း များစွာမူတည်လျက် ရှိပါကြောင်း၊ လျှပ်စစ်မီးမမှန်ခြင်းကြောင့် မီးပျက်ကာလများတွင် မီးစက်များဖြင့် မောင်းနှင်နေပြီး စက်သုံးဆီများ အသုံးပြုနေရရာ မလိုအပ်သော နိုင်ငံခြားငွေကြေး ယိုဆင်းမှုများ ဖြစ်ပေါ်နေရပါကြောင်း၊  အကျိုးဆက်အားဖြင့်ထုတ်လုပ်သည့် ကုန်ပစ္စည်းများအပေါ်စျေးနှုန်းတိုးမြှင့်ယူနေရ ခြင်းကြောင့် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်လာပြီး အများပြည်သူများအပေါ် တိုက်ရိုက်ထိခိုက်နေလျှက်ရှိပါကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောကြားထားသည်။

ဆက်လက်ပြီး ၎င်းက ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အမြဲနှစ်စဉ် ကြုံတွေ့နေရသည့် နွေရာသီ ကာလများတွင် လျှပ်စစ်ဓါတ်အား လိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှု ကွာဟချက်တို့ကို ရေရှည်တွင် အပြီးပိတ်သိမ်းနိုင်ရေး မည်သို့သောမဟာဗျူဟာစီမံကိန်းတို/စီမံကိန်းရှည်များချမှတ်ဆောင်ရွက်သွားပါမည် နည်းနှင့် အရေးကြီး ကာလများတွင် LNG ဓါတ်ငွေ့ရည်သုံး သင်္ဘောများ ဆိုက်ကပ်ပြီး ၊လောင်စာဖြည့် တင်းပေးမှုဖြင့် လျှပ်စစ်ဓါတ် အား ဖြည့်တင်း ထုတ် လုပ်ပေးနေခြင်းသည် အမြဲတမ်း ကာလ များတွင် ဖြေရှင်းသည့် နည်း လမ်းမှန်မဟုတ် ဘဲ ယာယီဖြေရှင်းသည့် နည်းဟုသာ မြင် မိ ပါကြောင်းနှင့် ကုန်ကျစရိတ်များလည်း ပိုမိုမြင့်မားသည်ကို တွေရှိရပါကြောင်း ပြော ကြားထားသည်။ 

“တောင်ပိုင်းခရိုင်၊ သီလဝါစက်မှုဇုန်တွင် Gas တာဘိုင်တစ်လုံး တည်ထားခြင်းအားဖြင့် တောင်ပိုင်းစက်မှုဇုန်လုပ်ငန်းများအတွက် ဗို့အားတည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓါတ်အားရရှိနေသည် ဟုသိရှိရပါတယ်။စက်မှုဇုန်များ တည်ရှိရာ အခြားခရိုင်များဖြစ်သော မြောက်ပိုင်းခရိုင်နှင့် အရှေ့ပိုင်းခရိုင် များတွင် ထိုကဲ့သို့ Gas တာဘိုင်များ တည်ထားပေး ခြင်းအားဖြင့် ပင်မဓါတ်အားလိုင်းမှ စက်မှုဇုန် များသို့ဓါတ်အားခွဲပေးစရာမလိုတော့ဘဲ လူနေရပ်ကွက်များကိုသာ ပိုမိုဖြန့်ဖြူး ပေးနိုင် မှာ ဖြစ်ပါတယ်။စက်မှုဇုန်များနှင့် စီးပွား ရေးလုပ်ငန်းများကိုလည်း မီးအားတည်ငြိမ်စွာလည်ပတ်နိုင်ရေး၊ မီးအားပြည့်ဝမှန်ကန်စွာရရှိရေးအတွက် ဓါတ်အားခွဲရုံများနှင့် အရန်ဓါတ်အားပေးစနစ် (Back Up Power Grids) များကို အဆင့်မြှင့်တင် ပြင်ဆင် ဆောင်ရွက်ထားသင့်ပါကြောင်းအကြံပြုလို ပါတယ်။ရန်ကုန်တိုင်းဒေသကြီးသည် ရေအားလျှပ်စစ်ထုတ်လုပ်မှုနှင့် သဘာဝဓါတ် ငွေ့များ၊ ကျောက်မီးသွေးစက်ရုံများမှ ထုတ်လုပ်မှုများ အားထားသုံးစွဲနေရပြီး မိုင်ပေါင်းများစွာမှ သွယ်တန်း လာရသည့်အတွက် ပင်မဓါတ်အားလိုင်းမှ ဓါတ်အားဆုံးရှုံး မှုများနှင့်အမြင်မတူသူများ၏ ဖျက်ဆီးမှုများ ကြောင့် ပင်မဓါတ်အားတိုင်များပြိုလဲရပြီး လျှပ်စစ်မီးပြတ်တောက်မှုဖြစ်စဉ်များလဲရှိခဲ့ပါတယ်”ဟု ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးသိန်းနိုင်က မေးခွန်းမေးမြန်းရာတွင် ပြောကြားခဲ့သည်။ 

အဆိုပါလွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent