■မြန်မာ့တပ်မ​တော်၏ လေကြောင်းတိုက်ခိုက်မှုတွင် ကယားခရစ်ယာန်လူငယ်ခေါင်းဆောင် သေဆုံးခဲ့မှုနှင့်စပ်လျဥ်း၍ မြန်မာရှိ ခရစ်ယာန်များကိုကာကွယ်ပေးရန် BRI အဖွဲ့က အ​မေရိကန်သမ္မတထံ တိုင်ကြား

■မြန်မာ့တပ်မ​တော်၏ လေကြောင်းတိုက်ခိုက်မှုတွင် ကယားခရစ်ယာန်လူငယ်ခေါင်းဆောင် သေဆုံးခဲ့မှုနှင့်စပ်လျဥ်း၍ မြန်မာရှိ ခရစ်ယာန်များကိုကာကွယ်ပေးရန် BRI အဖွဲ့က အ​မေရိကန်သမ္မတထံ တိုင်ကြား
Published 12 June 2026

■  ​​လေ​ကြောင်း တိုက်ခိုက်မှုတွင်​ သေဆုံးခဲ့​သော ခရစ်ယာန်ဓမ္မဆရာသည်  KNDF အဖွဲ့ဝင်တစ်ဦးဖြစ်​ကြောင်း အချက်အလက်များထွက်​ပေါ်လာ



မြန်မာ့တပ်မ​တော်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကယားခရစ်ယာန်လူငယ်ခေါင်းဆောင်သေဆုံးပြီး မြန်မာရှိ ခရစ်ယာန်များကို ကာကွယ်ပေးရန် BRI(Burma Research Institute)က

 အ​မေရိကန်သမ္မတထံ တိုင်ကြားခဲ့​ကြောင်း Burmari. org တွင် ​​ဖော်ပြချက်အရသိရသည်။ 



၂၀၂၆ ခုနှစ် ဇွန် ၄ ရက် မြန်မာစံတော်ချိန် ည ၆ နာရီခန့်တွင် မြန်မာတပ်မ​တော်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့​​ကြောင်း၊ Htee Hla Thoo ကျေးရွာအား တိုက်ခိုက်မှုကြောင့် နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ Hsar Eh Klu သေဆုံးခဲ့ရပြီး အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု BRI က ​စွပ်စွဲဖော်ပြထားသည်။

"မြန်မာနိုင်ငံဟာ ၁၉၉၉ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း ၁၉၉၈ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အက်ဥပဒေအရ အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ၂၄ နှစ် ဆက်တိုက် CPC အဆင့် သတ်မှတ်ခံခဲ့ရပြီးနောက်ပိုင်းမှာတောင် မြန်မာစစ်တပ်အပေါ် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး" ဟု BRI ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Zo Tum Hmung က စွပ်စွဲပြောကြားသည်။ 



ထို့ပြင် မြန်မာနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် ခရစ်ယာန်ဘာသာဝင်များကို ကာကွယ်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့အနေဖြင့် ချက်ချင်း အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်း​ကြောင်း ၎င်းက​ပြောကြားသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် BRI အဖွဲ့က မြန်မာနိုင်ငံ ခရစ်ယာန်ဘာသာဝင်များအပေါ် ဘာသာရေးလွတ်လပ်ခွင့်ကို ပြင်းထန်စွာ ချိုးဖောက်မှုများ (Burma: Severe Violations of Religious Freedom Against Christians) အမည်ရှိ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး၊ ယင်းအစီရင်ခံစာတွင် ကယားပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ ခရစ်ယာန်လူထုအခြေပြု လူ့အဖွဲ့အစည်းများအပေါ် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ဘာသာဝင်များကို ကာကွယ်စောင့်ရှောက်ရန် ၁၉၉၈ ခုနှစ် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်အက်ဥပဒေအရ 

အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် ဒေါ်နယ်ထရန့်အစိုးရအဖွဲ့အား​တောင်းဆို​ကြောင်း BRI က တောင်းဆိုခဲ့သည်။



သို့ရာတွင် လေ​ကြောင်း တိုက်ခိုက်မှုတွင်​ သေဆုံးခဲ့သည့် ခရစ်ယာန်ဓမ္မဆရာ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ Hsar Eh Klu သည် ကယား KNDF အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု အချက်အလက်များထွက်​ပေါ်လာပြီး 

လူမှုကွန်ရက်တွင်လည်း ဓါတ်ပုံနှင့်တကွ ဖော်ပြမှုများရှိ​နေ သည်။

ထွက်​ပေါ်လာသည့်အချက်အလက်များအရ ​လေ​ကြောင်း တိုက်ခိုက်မှုတွင်​ သေဆုံးခဲ့သည့် ခရစ်ယာန်ဓမ္မဆရာ  KNDF အဖွဲ့ဝင်ဖြစ်​ကြောင်းနှင့် သေဆုံးသူသည် ဒေသခံပြည်သူများအပေါ် ​ငွေကြေးကောက်ခံခြင်း၊ ဓားပြတိုက်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်ဟု ​လူမှုကွန်ရက်တွင် ရေးသား​​ပြောဆိုမှုများကို ​တွေ့ရသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍  BRI ၏ ​ဖော်ပြသည့် ​သေဆုံးသူသင်းအုပ်ဆရာ၏ပုံနှင့် ထွက်​ပေါ်လာသည့်အချက်အလက်တွင် ​ဖော်ပြထားသည့်KNDF အဖွဲ့ဝင်ပုံတို့သည် မျက်နှာပုံစံနှင့် ​မေး​စေ့မှဲ့(သို့မဟုတ်) အမှတ်အသား ပါသည့် စသည့်ပုံစံတို့သည် တူညီ​နေသည်ကို​တွေ့ရသည်။

မြန်မာအစိုးရနှင့် မြန်မာ့တပ်မ​တော်တို့အား ဆန့်ကျင်တိုက်ခိုက်​နေသည့် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်အများစုသည် ပုံမှန်အားဖြင့် အရပ်သားကဲ့သို့​နေထိုင်​လေ့ရှိ​ကြောင်း သတင်း​ဖော်ပြမှုများ အရသိရသည်။

လူမှုကွန်ရက်တွင် ယခင်တည်းက ပျံ့နှံ့​နေသည့် ရုပ်သံမှတ်တမ်းများတွင်လည်း PDF များနှင့် လက်နက်ကိုင်အဖွဲ့ဝင်များသည်​ သေနတ်များကိုင်​ဆောင်ထားကာ အရပ်ဝတ်များဖြင့် အရပ်သားကဲ့သို့ ​နေထိုင်လုပ်ကိုင်​နေကြသည်ကို လူမှူကွနရက်တွင် ပျံ့နှံ့​နေသည့် ရုပ်သံမှတ်တမ်းများအရ သိရသည်။

ယခုဖြစ်စဥ်တွင် လေ​ကြောင်း တိုက်ခိုက်မှုတွင်​ သေဆုံးခဲ့သည့် KNDF အဖွဲ့ဝင်ကို ခရစ်ယာန်ဓမ္မဆရာအဖြစ် လိမ်လည်တိုင်ကြားခြင်းသာဖြစ်သည်ဟု တပ်မ​​တော်​ ထောက်ခံသူများက ​​ပြောဆို​ရေးသားမှုရှိ​နေသည်။

Most Read

Most Recent