PNLO၊ DPLA ၊ KNDF နှင့် PDF အဖွဲ့ဝင် ၄ဝ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်​ရောက်လာသဖြင့် ​တောင်ကြီးမြို့တွင် မိဘအုပ်ထိန်းသူများထံ လွှဲ​ပြောင်းအပ်နှံ

PNLO၊ DPLA ၊ KNDF နှင့် PDF အဖွဲ့ဝင် ၄ဝ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်​ရောက်လာသဖြင့် ​တောင်ကြီးမြို့တွင် မိဘအုပ်ထိန်းသူများထံ လွှဲ​ပြောင်းအပ်နှံ
Published 9 June 2026

PNLO၊ DPLA ၊ KNDF နှင့် PDF အဖွဲ့ဝင် ၄ဝ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်​ရောက်လာသဖြင့် ​တောင်ကြီးမြို့

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမတွင် ဇွန် ၈ ရက်တွင် မိဘအုပ်ထိန်းသူများထံ လွှဲ​ပြောင်းအပ်နှံခဲ့​ကြောင်း သိရသည်။

အဆိုပါ မိဘအုပ်ထိန်းသူများထံ လွှဲ​ပြောင်းအပ်နှံခဲ့သည့် ၄၀ ဦးမှာ

PNLO အဖွဲ့ဝင် ခုနစ်ဦး၊ ဖယ်ခုံ PDF ခုနစ် ဦး၊ မိုးဗြဲ PDF နှစ်ဦး၊ DPLA ၁၂ ဦး၊ KNDF ခုနစ်ဦး၊ ရှမ်း(တောင်) PDF တစ်ဦး၊ ကျောက်ဆည် PDF ​လေးဦး၊ ဖြစ်ပြီး ၎င်းတို့နှင့်အတူ M-16 ​လေး လက်၊ M-22 တစ်လက်၊ စုစုပေါင်း ၅ လက်၊ လက်လုပ်စိန်ပြောင်းတစ်လက်၊ ကျည်အိမ်မျိုးစုံသုံးခု၊ ကျည်မျိုးစုံ ၁၆၁ တောင့်တို့ပါရှိ​ကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပင်းတယမြို့နယ်မှ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ ကလောမြို့နယ်မှ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ရပ်စောက်မြို့နယ်မှ အမျိုးသမီးတစ်ဦး ၊ ဖယ်ခုံမြို့နယ်မှ အမျိုးသားရှစ်ဦး၊ လွိုင်ကော်မြို့နယ်မှ အမျိုးသားငါးဦး၊ မောက်မယ်မြို့နယ်မှ အမျိုးသားသုံးဦး၊ ဆီဆိုင်မြို့နယ်မှ အမျိုးသားငါးဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား​လေးဦး၊ ဒီးမော့ဆိုမြို့နယ်မှ အမျိုးသားတစ်ဦး၊ ၊ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားတစ်ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အမျိုးသားတစ်ဦး၊ စုစုပေါင်းအမျိုးသား ၃၆ ဦး၊ အမျိုးသမီး​လေးဦးတို့ကို ပြန်လည် ကြိုဆိုလက်ခံခြင်းနှင့် ဆုကြေးငွေ ထောက်ပံ့ခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပအိုဝ်း/ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြခဲ့​ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားခြင်း၊ တိုင်းမှူးက အလင်းဝင် ရောက်လာသူ လူငယ်များအား အသိပညာပေး ရှင်းလင်းပြောကြားခြင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်က ဥပဒေအကြောင်းအရာများအား ဆွေးနွေးပြောကြားခြင်းတို့ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက၎င်းတို့နှင့်အတူပါရှိလာသည့် လက်နက်/ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်း များအား လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူခဲ့ပြီး ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က သေနတ်တစ်လက် နှုန်းအတွက် ဆုကြေးငွေကျပ်သိန်း (၅၀) နှုန်းဖြင့် ငါးလက်အတွက် ငွေကျပ် သိန်း(၂၅၀)၊ လက်လုပ်စိန်ပြောင်း တစွ လက်အတွက် ငွေကျပ်(၅)သိန်းနှင့် အလင်းဝင်ရောက်လာသူများအတွက် တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ၄၀ ဦးအတွက် ဆုကြေးငွေ ကျပ် သိန်း(၈၀)၊ စုစုပေါင်း ငွေကျပ်(၃၃၅) သိန်းအား ချီးမြှင့် ပေးအပ်ခဲ့​ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့က ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ပြီး အလင်းဝင်ရောက်လာသူများ ကိုယ်စားအလင်းဝင်ရောက်လာသူတစ်ဦးမှ ကျေးဇူး တင်စကား ပြန်လည်ပြောကြားကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသော လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့​ကြောင်း သိရသည်။

Most Read

Most Recent