ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်ဆီဖလစ်ခ်က ရီးယဲလ်မက်ဒရစ်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ယူပြီး လာလီဂါချန်ပီယံဆု ရယူနိုုင်တဲ့နေ့ဟာ သူ့အတွက် ဘယ်တော့မှ မေ့မရနိုင်တဲ့နေ့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဂျာမန်နည်းပြ ဟန်ဆီဖလစ်ခ်ဟာ ဘာစီလိုနာအသင်းကို လာလီဂါချန်ပီယံဆု (၂)ရာသီဆက်တိုက် ရယူပေးနိုင်ခဲ့တာဖြစ်ပြီး ရာသီအဆုံးသတ်ဖို့ (၃)ပွဲအလိုမှာပဲ ချန်ပီယံအဖြစ် အဖြေထွက်ခဲ့တာပါ။
ဘာစီလိုနာအသင်းက (၃)ပွဲအလိုမှာ မဟာပြိုင်ဘက် ရီးယဲလ်အသင်းကို (၁၄)မှတ်ဖြတ်ကာ လာလီဂါချန်ပီယံဆု ရယူနိုင်ခဲ့တာဖြစ်ပြီး (၂)ရာသီဆက်တိုက် ရယူနိုင်ခဲ့တာပါ။
ရီးယဲလ်အသင်းနဲ့ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲ ကစားရမယ့်နေ့မှာပဲ ဟန်ဆီဖလစ်ခ်ရဲ့ဖခင် ကွယ်လွန်သွားခဲ့တာကြောင့် ဟန်ဆီဖလစ်ခ်က မေ့နိုင်မှာမဟုတ်တဲ့နေ့ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
''ဒီနေ့မနက်မှာ အမေက ကျွန်တော့်ဆီ ဖုန်းဆက်ပြီး အဖေကွယ်လွန်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒီအကြောင်းကို ပြောသင့်လား၊ မပြောသင့်လား ကျွန်တော် စဉ်းစားခဲ့ပြီး နောက်ဆုံးမှာတော့ ဒီအသင်းက ကျွန်တော့်အတွက် မိသားစုလို ဖြစ်နေတာကြောင့် ကစားသမားတွေကို အသိပေးခဲ့တာပါ။ ဒီနေ့ သူတို့ လုပ်ဆောင်ခဲ့တာက မယုံနိုင်စရာပါပဲ။ ဒီအခိုက်အတန့်ကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး'' လို့ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။
မိမိအတွက် ဘယ်တော့မှ မေ့မရနိုင်တဲ့နေ့ဖြစ်ကြောင်း ဟန်ဆီဖလစ်ခ် ပြောကြား
Most Read
Most Recent
19 hours ago















