ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်း စစ်တောင်းတံတား (မုပ္ပလင်) အဆင်းတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်း စစ်တောင်းတံတား (မုပ္ပလင်) အဆင်းတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
Published 8 May 2026

ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်း စစ်တောင်းတံတား (မုပ္ပလင်) အဆင်းတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၇ ရက် ည ၇ နာရီခွဲခန့်က ရန်ကုန် မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် ရွှေဝယ်ရတနာ ခရီးတင်သည်မှန်လုံယာဉ်မှာ ထိုစစ်တောင်းတံတား (မုပ္ပလင်) အဆင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုမီးလောင်မှုအား ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ယာဉ်သယ် ယာဉ်တစ်စီး နှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ယာဉ်ရဲ့ အနောက်ဘက်အင်ဂျင်ခန်းကနေမီးလောင်တာလို့သိရတယ်။ လူထိခိုက်မှုတော့မရှိဘူး။ ခရီးသည်တင်ယာဉ်ရဲ့အနောက်ပိုင်းက မီးလောင်ပျက်ဆီးခဲ့တယ် ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အလားတူ ပြီးခဲ့သည့် မေလ ၆ ရက် နံနက် ၉ နာရီအချိန်ခန့်ကလည်း မုဒုံမြို့နယ် ကျောက်တစ်လုံးကျေးရွာအနီး မော်လမြိုင် - မုဒုံကားလမ်းတွင် HINO DUTRO အမျိုးအစား ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်းနှင့် မီးလောင်မှုကြောင့် ယာဉ်ခေါင်းပိုင်းနှင့်အတူ ယာဉ်ပေါ်တင်ဆောင်လာသည့် ဆိုဖာဆက်တီတစ်စုံနှင့် သစ်သားဆက်တီတစ်စုံမီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ (၄၀) မိနစ်ခန့်ကလည်း ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ် (၆၆/၅) နှင့် (၆၆/၆) ကြားတွင် မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံးယာဉ် တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent