မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အွန်လိုင်းမှ တွေ့ဆုံရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား သဘောတူညီမှုရ

မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အွန်လိုင်းမှ တွေ့ဆုံရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား သဘောတူညီမှုရ
ပုံစာ- ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကျင်းပလျက်ရှိသည့် အာဆီယံအစည်းအဝေးကို တွေ့ရစဥ်(ဓာတ်ပုံ- Asean)
ပုံစာ- ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကျင်းပလျက်ရှိသည့် အာဆီယံအစည်းအဝေးကို တွေ့ရစဥ်(ဓာတ်ပုံ- Asean)
Published 8 May 2026

မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အွန်လိုင်းမှ တွေ့ဆုံရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား သဘောတူညီမှုရရှိခဲ့သည်ဟု အာဆီယံအတွင်းရေးမှုးချုပ် Kao Kim Hourn က ကြာသပတေးနေ့တွင် ပြောကြားလိုက်ကြောင်း The Straits Times က သတင်းဖော်ပြသည်။

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး၏ အင်ဆာဗျူးတစ်ခုအတွင်း အတွင်းရေးမှူးချုပ်က ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့် ပုံမှန်ဆက်ဆံရေးပြန်ဖြစ်လိုသော်လည်း အာဆီယံနိုင်ငံ အချို့ကမူ တွေ့ဆုံဆွေးနွေးရေး၊ အကူအညီများ ရယူရေး အစရှိသည်တို့တွင် တိုးတက်မှုများ မြင်တွေ့လိုသည်ဟု သတင်းတွင်ဆက်လက်ရေးသားထားသည်။

မကြာတော့တဲ့ အနာဂတ်မှာ အွန်လိုင်းကနေတွေ့ဆုံဖို့၊ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအကြား သဘောတူညီမှုရရှိထားပါတယ်" ဟု အာဆီယံအတွင်းရေးမှူးချုပ်က ရိုက်တာသို့ ပြောကြားခဲ့သည်ဟု သတင်းတွင် ဆက်လက်ရေးသားထားသည်။

အာဆီယံနိုင်ငံများနှင့် မြန်မာအကြား ထိတွေ့ဆက်ဆံမှုပိုမိုရရှိရန် ရည်ရွယ်ပြီး အကြံဉာဏ်ကို အဆိုပြုမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားပြီးနောက် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် အထူးသံတမန်တစ်ဦးကို တစ်နှစ်ထက်ပိုမိုထားရှိရေးနှင့်ပတ်သက်ပြီး ဆက်လက်ဆွေးနွေးရမည့်အခြေအနေတွင်သာရှိနေကာ အကျယ်အဝင့်ကိုမူ အာဆီယံအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ခြင်းမရှိပေ။

Most Read

Most Recent