■ အီရန်ကို ထိုးစစ်ဆင်သည့် စစ်ဆင်ရေး ပြီးဆုံးပြီဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

■ အီရန်ကို ထိုးစစ်ဆင်သည့် စစ်ဆင်ရေး ပြီးဆုံးပြီဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 7 May 2026

အီရန်ကို ထိုးစစ်ဆင်သည့် စစ်ဆင်ရေးပြီးဆုံးပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မေ ၅ ရက်တွင် ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်မှုများကြောင့် ခိုင်မာမှုမရှိသေးသည့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားနိုင်သည့် အခြေအနေဖြစ်ပေါ်နေစဉ်၊ အမိန့်ပေးလာပါက အမေရိကန်တပ်ဖွဲ့များအနေဖြင့် တိုက်ပွဲများကို ပြန်လည်စတင်ရန် အသင့်ရှိနေကြောင်း အမေရိကန်၏ ထိပ်တန်းစစ်ဘက်အရာရှိက ပြောကြားပြီးနောက်တွင် ရူဘီယို၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။

"သမ္မတက လွှတ်တော်ကို အကြောင်းကြားထားသလိုပါပဲ။ Epic Fury စစ်ဆင်ရေးက အဆုံးသတ်သွားပါပြီ။ ကျွန်တော်တို့ အဲဒီအဆင့်ကို ကျော်ဖြတ်ပြီးပါပြီ" ဟု ရူဘီယိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေးကြောင့် စစ်ပွဲပြီးဆုံးသွားပြီဖြစ်ကြောင်း အိမ်ဖြူတော်က လွှတ်တော်အမတ်များကို အစောပိုင်းတွင် အသိပေးခဲ့သဖြင့် ရက်ပေါင်း ၆၀ ထက်ကျော်လွန်သော ပဋိပက္ခအတွက် လွှတ်တော်ထံမှ ခွင့်ပြုချက်တောင်းခံရမည့် ဥပဒေကြောင်းအရ လိုအပ်ချက်ကို ရှောင်လွှဲနိုင်ခဲ့သည်။

■ Ref: Daily Sabah

■ Photos-AFP See less

Most Read

Most Recent