၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ရွှေတိဂုံစေတီတော်တွင် ကဆုန်ညောင်ရေသွန်းလောင်းသူများ နှင့် ဘုရားဖူးလာသူ ဧည့်ပရိသတ်များပြားခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်၏ (၄၃) ကြိမ်မြောက် မဟာဗောဓိကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကြီးကို ကဆုန်လပြည့်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်မှ စတင်၍ စေတီတော်ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်တွင် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများဖြင့် ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ခဲ့သည်။
ထို့ပြင် စေတီတော်ရင်ပြင်တော် ထောင့်လေးထောင့်ရှိ ဗောဓိညောင်ပင်များတွင်လည်း ဘုရားဖူးလာပြည်သူများ လွယ်ကူစွာ ညောင်ရေသွန်းလောင်ပူဇော်ရန်စီစဉ်ထားကာ ကုသိုလ်ပြုညောင်ရေသွန်းလောင်သူများဖြင့် စည်ကားခဲ့ကြောင်းသိရသည်။















