ထိုင်းနိုင်ငံတွင် ဆောင်ခရမ်ရေကစားပွဲတော်ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၄၀ ကျော်ရှိခဲ့

ထိုင်းနိုင်ငံတွင် ဆောင်ခရမ်ရေကစားပွဲတော်ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၄၀ ကျော်ရှိခဲ့
Published 18 April 2026
Ref: The Nation Thailand

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ဆောင်ခရမ်ရေကစားပွဲတော်ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၂၄၂ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၄၂ ဦးနှင့် ဒဏ်ရာရသူ ၁၂၀၀ ခန့်ရှိခဲ့ကြောင်း The Nation Thailand သတင်းတွင် ဖော်ပြထားသည်။

ဧပြီ ၁၀ ရက်မှ ၁၆ ရက်အထိ ခုနစ်ရက်ကြာ ဆောင်ခရမ်ရေကစားပွဲတော် ရုံးပိတ်ရက်ကာလအတွင်း ထိုကဲ့သို့ မတော်တဆမှုများ ဖြစ်ပွားခဲ့ကာ အရှိန်လွန်မောင်းနှင်ခြင်းနှင့် ဆိုင်ကယ်မတော်တဆမှုများသည် အဓိကအန္တရာယ်များဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးသက်သာရေးဦးစီးဌာန (DDPM) ၏ ညွှန်ကြားရေးမှူးချုပ် သီရာပက် ကတ်ချာမတ်က ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းများမှာ အရှိန်လွန်မောင်းနှင်ခြင်း (၄၀ ဒသမ ၆၅ ရာခိုင်နှုန်း) နှင့် အန္တရာယ်ရှိစွာ ကျော်တက်ခြင်း (၂၅ ဒသမ ၂၀ ရာခိုင်နှုန်း) တို့ ဖြစ်ကြသည်။

မတော်တဆမှုများတွင် အများဆုံးပါဝင်သော ယာဉ်အမျိုးအစားမှာ ဆိုင်ကယ်များ (၆၄ ဒသမ ၅၅ ရာခိုင်နှုန်း) ဖြစ်သည်။

ယာဉ်တိုက်မှု အများစုမှာ ဖြောင့်တန်းသော လမ်းပိုင်းများပေါ်တွင် (၈၇ ဒသမ ၈၀ ရာခိုင်နှုန်း) ဖြစ်ပွားခဲ့ပြီး၊ ဖြစ်ပွားသည့် နေရာအလိုက် ခွဲခြားပါက အဝေးပြေးလမ်းမကြီးများ (၄၄ ဒသမ ၇၂ ရာခိုင်နှုန်း) နှင့် ကျေးရွာ/ရပ်ကွက်လမ်းများ (၂၇ ဒသမ ၆၄ ရာခိုင်နှုန်း) တွင် အများဆုံး ဖြစ်ပွားခဲ့သည်။

သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများထဲတွင် အသက် ၂၀ မှ ၂၉ နှစ်ကြား အရွယ်များ (၂၂ ဒသမ ၁၄ ရာခိုင်နှုန်း) အများဆုံး ဖြစ်သည်။

 

Most Read

Most Recent