အမေရိကန်အနေဖြင့် မိမိတို့၏ ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားမည်ဆိုပါက ဟော်မုဇ်ရေလက်ကြားကို နောက်တစ်ကြိမ် ပိတ်ဆို့မည်ဟု အီရန် ခြိမ်းခြောက်

အမေရိကန်အနေဖြင့် မိမိတို့၏ ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားမည်ဆိုပါက ဟော်မုဇ်ရေလက်ကြားကို နောက်တစ်ကြိမ် ပိတ်ဆို့မည်ဟု အီရန် ခြိမ်းခြောက်
Published 18 April 2026
Ref:AFP

အမေရိကန်အနေဖြင့် မိမိတို့၏ ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားမည်ဆိုပါက ဟော်မုဇ်ရေလက်ကြားကို နောက်တစ်ကြိမ် ပိတ်ဆို့မည်ဟု အီရန်က ဧပြီ ၁၈ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။

အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးကြောင်း ကြေညာပြီး နာရီပိုင်းအကြာမှာပင် ထိုကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်မည့် အလားအလာကြောင့် ဧပြီ ၁၇ ရက်နေ့တွင် ရှယ်ယာဈေးကွက်များ မြင့်တက်လာခဲ့သည်။

ထို့ပြင် အမေရိကန်နှင့် အီရန် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်းနှင့် သန့်စင်ပြီး ယူရေနီယံများကို လွှဲပြောင်းပေးရန် အီရန်က သဘောတူညီထားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

အီရန်ကမူ ထရန့်၏ ပြောကြားချက်ကို ပယ်ချခဲ့ပြီး ၎င်းတို့၏ သန့်စင်ပြီး ယူရေနီယံ များသည် မည်သည့်နေရာကိုမျှ ရောက်သွားမည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။

ထို့ပြင် အမေရိကန်စစ်သင်္ဘောများက အီရန်ဆိပ်ကမ်းများမှ ထွက်ခွာလာသည့် သင်္ဘောများကို ဟန့်တားမည်ဆိုပါက ကမ္ဘာ့ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စုစုပေါင်း၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာသည့် အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ထပ်မံပိတ်ဆို့သွားမည်ဟု အီရန်က သတိပေးခဲ့သည်။

 

Most Read

Most Recent