ရေကြောင်းပိတ်ဆို့မှုလုပ်ထားသည့် ပထမဆုံး ၄၈ နာရီအတွင်းတွင် အီရန်ဆိပ်ကမ်းများမှ ထွက်ခွာရန် ကြိုးစားသောသင်္ဘော ၁၀ စင်းကို နောက်ပြန်လှည့်စေခဲ့သည်ဟု CENTCOM ထုတ်ပြန်

ရေကြောင်းပိတ်ဆို့မှုလုပ်ထားသည့် ပထမဆုံး ၄၈ နာရီအတွင်းတွင် အီရန်ဆိပ်ကမ်းများမှ ထွက်ခွာရန် ကြိုးစားသောသင်္ဘော ၁၀ စင်းကို နောက်ပြန်လှည့်စေခဲ့သည်ဟု CENTCOM ထုတ်ပြန်
Published 16 April 2026

         အီရန်ကို ရေကြောင်းပိတ်ဆို့မှုလုပ်ထားသည့် ပထမဆုံး ၄၈ နာရီအတွင်းတွင် အမေရိကန်စစ်တပ်က အီရန်ဆိပ်ကမ်းများမှ ထွက်ခွာရန် ကြိုးစားသောသင်္ဘော ၁၀ စင်းကို ဧပြီ ၁၅ ရက်တွင်အောင်မြင်စွာ နောက်ပြန်လှည့် စေခဲ့သည်ဟု အမေရိကန်ဗဟိုကွပ်ကဲရေး ဌာန CENTCOM က ထုတ်ပြန်ခဲ့သည်။

“ သင်္ဘော ၁၀ စင်းဟာ အခု နောက်ပြန် လှည့်သွားပါပြီ။ ဧပြီ ၁၃ ရက်မှာ အမေရိကန် ရေကြောင်းပိတ်ဆို့မှုလုပ်ပြီးကတည်းက ပိတ်ဆို့မှုကို ချိုးဖောက်တဲ့ သင်္ဘော မရှိပါဘူးဟု CENTCOMက X တွင် ပို့စ်တင်ခဲ့သည်။

          ပြန်လှည့်သွားသော သင်္ဘောအရေအ တွက်သည် ကိုးစင်းရှိသည်ဟု CENTCOM က စောစောပိုင်းတွင် ထုတ်ပြန်ခဲ့သော်လည်း အမေရိကန် ပဲ့ထိန်းဒုံးကျည်တပ်ဖျက်သင်္ဘော က ၁၀ စင်းမြောက်သင်္ဘောကို အီရန်သို့ ပြန် လှည့်စေခဲ့သည်ဟု X တွင် ဖြည့်စွက်ဖော်ပြခဲ့ သည်။

          ပိတ်ဆို့မှုကို ချိုးဖောက်သည့်သင်္ဘော မရှိကြောင်း CENTCOMက ဖော်ပြခဲ့သည် ဆိုသော်လည်း ရေကြောင်း ခြေရာခံသော အချက်အလက်များအရ အမေရိကန်ဘက်က ထုတ်ပြန်ချက်များ ကွဲလွဲနေသည်ဟု သိရ သည်။

          ဧပြီ ၁၄ ရက်တွင် ခြေရာခံထားသော အချက်အလက်များအရ အနည်းဆုံးသင်္ဘော သုံးစင်းသည် အီရန်ဆိပ်ကမ်းများမှသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့သည် ဟု ညွှန်ပြထားသည်ဆိုသော်လည်း သင်္ဘော အချို့သည် နောက်ပိုင်းတွင် လာလမ်းအတိုင်း နောက်ကြောင်းပြန်လှည့်သွားခဲ့သည်ဟု ဆို သည်။

          ထိုသင်္ဘောသုံးစင်းသည် အမေရိကန် ရေကြောင်းပိတ်ဆို့မှု စတင်ခဲ့ပြီးနောက် ဟော် မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့သော အီရန် နှင့်ဆက်စပ်နေသည့် အနည်းဆုံးသင်္ဘော  ခုနစ်စင်းထဲတွင် ပါဝင်သောသင်္ဘောများဖြစ် သည်ဟု ရေကြောင်းအချက်အလက်များကို ထုတ်ပြန်ပေးသည့် kpler ၏ထုတ်ပြန်ချက် အရ သိရသည်။

Photo-  afp

Ref -afp

         

Most Read

Most Recent