■ ထိုင်းနိုင်ငံတွင် ဆောင်ခရမ်ရေကစားပွဲတော် ရုံးပိတ်ရက်ကာလ၏ ပထမနှစ်ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၇၀ ကျော် သေဆုံး

■ ထိုင်းနိုင်ငံတွင် ဆောင်ခရမ်ရေကစားပွဲတော် ရုံးပိတ်ရက်ကာလ၏ ပထမနှစ်ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၇၀ ကျော် သေဆုံး
Published 13 April 2026

ထိုင်းနိုင်ငံတွင် ဆောင်ခရမ်ရေကစားပွဲတော် ရုံးပိတ်ရက်ကာလ၏ ပထမနှစ်ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၇၁ ဦး သေဆုံးပြီး ၃၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြခဲ့သည်။

ဧပြီ ၁၀ ရက်နှင့် ဧပြီ ၁၁ ရက်တွင် ယာဉ်မတော်တဆမှုပေါင်း ၃၄၄ ခုဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာ ဆိုဖွန် အီယန်စီရီသာဝမ်က ဧပြီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

နန်ခရိုင်တွင် ယာဉ်မတော်တဆမှု ၁၇ ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး နန်နှင့် လန်ပန်းခရိုင်များတွင် ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ ၁၇ ဦးစီရှိခဲ့သည်။

ပရာချင်ဘူရီနှင့် ဖီဆန်နူလွတ်ခရိုင်တို့တွင် သေဆုံးသူလေးဦးစီဖြင့် သေဆုံးသူအများဆုံးဖြစ်ခဲ့သည်။

ဧပြီ ၁၁ ရက် တစ်နေ့တည်းမှာပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာဉ်မတော်တဆမှုပေါင်း ၂၀၈ ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၀ သေဆုံးကာ ၁၈၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရသည့် အဓိကအကြောင်းရင်းများမှာ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းနှင့် အရက်သေစာသောက်စားကာ မောင်းနှင်ခြင်းတို့ကြောင့်ဖြစ်သည်။

မတော်တဆမှုစုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းတွင် မော်တော်ဆိုင်ကယ်များ ပါဝင်ခဲ့သည်။

ဆောင်ခရမ်ပွဲတော်အတွက် ခရီးသွားအများစုမှာ ၎င်းတို့သွားရောက်လိုသည့် ဒေသများသို့ ရောက်ရှိနေကြပြီဖြစ်ကြောင်းနှင့် ရေကစားပွဲတော်ကာလတွင် လမ်းအန္တရာယ်ကင်းရှင်းရေး စီမံချက်များကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း ဒေါက်တာဆိုဖွန်က ပြောကြားခဲ့သည်။

Source: Bangkok Post

Photos- Bangkok Post/The Nation

 

Most Read

Most Recent