နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူက တင်ပြထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဦးအောင်ဇော်သိန်း အပါအဝင် အဖွဲ့ဝင်ကိုးဦးအား ခန့်အပ်ရန် ပြည်ထောင်စု လွှတ်တော်အတည်ပြု
နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူက တင်ပြထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌဦးအောင်ဇော်သိန်း အပါအဝင် အဖွဲ့ဝင်ကိုးဦးအား ခန့်အပ်ရန် ယနေ့(ဧပြီ ၉ ရက်)တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သဘောတူအတည်ပြုခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား ဥက္ကဋ္ဌအပါအဝင် ခုံရုံးအဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းကို ထိုသို့ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ရွေးချယ်ထားသည့်အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင်သုံးဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး စုစုပေါင်းကိုးဦး၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုလွှတ်တော်ထံပေးပို့တင်ပြထားမှုအား ဧပြီ ၆ ရက်တွင် ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်၌ လွှတ်တော်နာယကကတင်ပြခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းအပါအဝင် အဖွဲ့ဝင်များမှာညဦးဉာဏ်ထွန်း၊ ဦးမျိုးတင့်၊ ဦးကျော်ဆန်း၊ ဦးတူးမော်၊ ဒေါ်စုစုဝင်း၊ ဒေါ်ဥမ္မာအေး၊ ဦးတင့်ဝေ၊ ဒေါက်တာမာလာမော်တို့သည်။















