■ လက်ဘနွန်တွင် အစ္စရေး၏တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်ပိတ်
လက်ဘနွန်နိုင်ငံတွင် အစ္စရေး၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်ပိတ်ခဲ့ကြောင်း အီရန်မီဒီယာများကို ကိုးကားပြီး အေပီသတင်းတွင် ဖော်ပြခဲ့သည်။
ဧပြီ ၈ ရက်က အီရန်နှင့်အမေရိကန်ကြား သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့ပြီး အီရန်က ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးရန်သဘောတူခဲ့သော်လည်း ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်ကမူ ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်ပေးရန် တောင်းဆိုထားသည်။
အမေရိကန်သည် အီရန်ဘက်က တောင်းဆိုထားသည့် အချက် ၁၀ ချက်အနက် ၃ ချက်ကို ချိုးဖောက်ခဲ့သည်ဟု အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်က စွပ်စွဲခဲ့ပြီး အမေရိကန်နှင့် အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ရန်နှင့် စစ်ပွဲအဆုံးသတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းရန် ကျိုးကြောင်းခိုင်လံမှုမရှိကြောင်း ပြောကြားခဲ့သည်။
ယခုဖြစ်ရပ်သည် တစ်ရက်ပင်မပြည့်သေးသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ကြီးမားသော သဘောထားကွဲလွဲမှုများကြောင့် ပြိုကွဲပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
Ref:AP















