■ မတ် ၁၀ ရက်မှ ၂၅ ရက်အထိ ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၂၁ ဦး သွားရောက်လုပ်ကိုင်

■ မတ် ၁၀ ရက်မှ ၂၅ ရက်အထိ ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၂၁ ဦး သွားရောက်လုပ်ကိုင်
Published 28 March 2026

မတ် ၁၀ ရက်မှ ၂၅ ရက်အထိ ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၂၁ ဦး သွားရောက်လုပ်ကိုင်ကြောင်း သိရသည်။

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်ခဲ့သော ဝန်ဆောင်မှုလုပ်သား အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၇ ဦးသည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၁၀ ရက်က ကိုရီးယားလေကြောင်းလိုင်း KE492 ခရီးစဉ်ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်သား ၇၂ ဦး၊ စိုက်ပျိုးရေးလုပ်သား တစ်ဦး စုစုပေါင်း ၇၃ ဦးသည် မတ် ၁၁ ရက်တွင် ထိုင်းလေကြောင်းလိုင်း TG 656 ခရီးစဉ်ဖြင့်လည်းကောင်း အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။

အလားတူ Re-entry လုပ်သား တစ်ဦးသည် မတ် ၁၂ ရက်တွင် ထိုင်းလေကြောင်းလိုင်း TG656 ခရီးစဉ် ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်သား ၂၉ ဦးနှင့် ဆောက်လုပ်ရေးလုပ်သားတစ်ဦး စုစုပေါင်း ၃ဝဦးသည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၂၅ ရက်တွင် ထိုင်းလေကြောင်းလိုင်း TG 656 ခရီးစဉ်ဖြင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါအလုပ်သမားများ လေဆိပ်သို့ဆိုက်ရောက်ချိန်တွင် သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်က Video Call ဖြင့် အသစ်ရောက်ရှိလာသော အလုပ်သမားများကို ကြိုဆိုနှုတ်ဆက်စကားပြော၍ အခက်အခဲရှိပါက သံရုံးသို့ အချိန်မရွေးဆက်သွယ် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent