ဗိုလ်မှူးတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို သူရဘွဲ့အပါအဝင် သူရဲ​ကောင်းမှတ်တမ်းဝင်တံဆိပ် ခုနစ်ဦးနှင့် ရဲဗလဘွဲ့ ၃၂ ဦး ချီးမြှင့်အပ်နှင်း

ဗိုလ်မှူးတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို သူရဘွဲ့အပါအဝင် သူရဲ​ကောင်းမှတ်တမ်းဝင်တံဆိပ် ခုနစ်ဦးနှင့် ရဲဗလဘွဲ့ ၃၂ ဦး ချီးမြှင့်အပ်နှင်း
Published 27 March 2026

ဗိုလ်မှူးတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို သူရဘွဲ့အပါအဝင်သူရဲ​ကောင်းမှတ်တမ်းဝင်တံဆိပ် ခုနစ်ဦးနှင့် ရဲဗလဘွဲ့ ၃၂ ဦးချီးမြှင့်အပ်နှင်း​ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် ၅၇/ ၂၀၂၆ ဖြင့် ယ​နေ့(မတ် ၂၇ ရက်)တွင် ထုတ်ပြန်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် ၄၂ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်း​ကြောင် အမိန့်စာတွင် ​ဖော်ပြထားသည်။

တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သူရဘွဲ့အား ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်မှူး ဇော်မျိုးနိုင်၊ ဒေါ်စန်းမော်အေးနှင့် ဒေါ်စနေမတို့အား ချီးမြှင့်အပ်နှင်းခဲ့သည်။

ထို့အတူ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်အား ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူး အောင်နိုင်မိုးလှိုင်၊ ဗိုလ်မှူး ရဲဇော်ထွန်း၊  ဗိုလ်မှူးရှားလူ၊ ဗိုလ်ကြီး မင်းကြည်ဟိန်း၊ ဗိုလ်သက်ပိုင်မြင့်၊ ဗိုလ်ပြည့်စုံအောင် ဒုတိယတပ်ကြပ် သူရိန်အောင်တို့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။

အလားတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် ရဲဗလတံဆိပ်အား ကာကွယ်ရေးဝန်ကြီးဌာနမှ ငါးဦး၊ စစ်ကိုင်းတိုင်း​ဒေသကြီးမှ ​ခြောက်ဦး၊ မ​ကွေးတိုင်း​ဒေသကြီးမှ ၂၁ ဦးတို့အား ချီးမြှင့်အပ်နှင်းခဲ့သည်။

Most Read

Most Recent