■ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်

■ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်
Published 10 March 2026

■ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကျရောက်လာသည့် နိုင်ငံ့တာဝန်၊ ပြည်သူ့တာဝန်များကို ကျေပွန်စွာဆောင်ရွက်ကြရန် ပါတီဥက္ကဋ္ဌ တိုက်တွန်း 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့ ်ဖွံ့ဖြိုးရေးပါတီ ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနားကို မတ်၉ ရက်က ပါတီဌာနချုပ်၊ ညီလာခံခန်းမ၌ ပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီအကြီးအကဲများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နိုင်ငံတော်အလံ အလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက “ပြည်သူများ၏ ထောက်ခံအားပေးမှုဖြင့် ရွေးချယ်ခံရသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား စုံစုံလင်လင် တွေ့ဆုံရတဲ့အတွက် အထူးပင်ဝမ်းသာပါကြောင်း၊ ပါတီဌာနချုပ်မှလည်း ဂုဏ်ယူစွာဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း၊ မိမိမဲဆန္ဒနယ်မြေရဲ့ ကောင်းကျိုး၊ တိုင်းပြည်တစ်ပြည်လုံးနဲ့ တိုင်းရင်းသားအားလုံးရဲ့ ကောင်းကျိုးအတွက် ပြည့်ဝသော စွမ်းဆောင်မှုများနဲ့အတူ ပါတီရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ပိုမိုခိုင်မာပြည်မြန်မာကြီး ဖြစ်ထွန်းပေါ်ပေါက်လာဖို့အတွက် အားကုန်ဆောင်ရွက်သွားကြရန်နှင့်  ကိုယ်စားလှယ်များအနေဖြင့် ကျရောက်လာတဲ့ နိုင်ငံ့တာဝန်၊ ပြည်သူ့တာဝန်တွေကို ကျေပွန်စွာနဲ့ ပါတီအနိုင်ရရှိချိန်မှာ သမိုင်းတခေတ် ဖြစ်ထွန်းပေါ်ပေါက်အောင် ဆောင်ရွက်ပေးကြရန်” ပြောကြားသည်။ 

ထို့နောက် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်တို့က မေးခွန်း၊ အဆိုများ အပါအဝင် လွှတ်တော်ဆိုင်ရာ အခန်းကဏ္ဍများနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်က လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာကျင့်ကြံရမည့် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အထွေထွေဆွေးနွေးခြင်းကဏ္ဍတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေတို့က ပါဝင်ဆွေးနွေးခဲ့ပြီး အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက နိဂုံးချုပ်ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိမ်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရွေးချယ်ခံ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ စုစုပေါင်း အင်အား ၃၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent