■မန္တလေးမြို့တွင် ဆိုလာအင်ဗာတာ လျှပ်စစ်မီးဖြင့် အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးပွားကျရာမှ မီးလောင်မှုဖြစ်ပွား

■မန္တလေးမြို့တွင် ဆိုလာအင်ဗာတာ လျှပ်စစ်မီးဖြင့် အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးပွားကျရာမှ မီးလောင်မှုဖြစ်ပွား
Published 17 February 2026

မန္တလေးမြို့တွင် ဆိုလာအင်ဗာတာ လျှပ်စစ်မီးဖြင့် အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးပွားကျရာမှ မီးလောင်မှု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိပါသည်။

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၆ လမ်း၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြား၊ ၃၂ ပေ x ၅၀ ပေရှိ RC(၃)ထပ်တွင် နေကာလိပ်၊ မိုးကာ၊ ဇာပြာ၊ စိုက်ပျိုးရေးပိုက်မဲနှင့် ပိုက်ဆက်ပစ္စည်း၊ ကြက်ခြံသုံးပစ္စည်းများ ရောင်းဝယ်ရေးအဆောက်အဦ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ စုစုပေါင်း ၁၈ စီးဖြင့်ငြိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၅၂ မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ၃၂ ပေ x ၅၀ ပေ RC ၃ ထပ် အဆောက်အဦ ခန့်မှန်းဆုံးရှုံးမှုတန်ဘိုး ၃ဝဝဝဝဝဝဝ ကျပ်ခန့်၊ နေကာလိပ်နှင့် မိုးကာလိပ်များ ခန့်မှန်းဆုံးရှုံးမှုတန်ဘိုး ၂ဝဝဝဝဝဝဝ ကျပ်ခန့်၊ TOYOTA LANDCRUISER PRADO ခန့်မှန်းဆုံးရှုံးမှုတန်ဘိုး ၁ဝဝဝဝဝဝဝဝ ကျပ်ခန့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သိရသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး အမှတ်(၉)မြို့မရဲစခန်းမှ အိမ်ဌားဖြစ်သူ အသက် ၃၀ နှစ် အရွယ် အမျိုးသား အား (ပ) ၃၆ /၂၀၂၆၊ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

သက်ထွန်းအောင်

ဓာတ်ပုံ-ကိုသန်းဌေး

Most Read

Most Recent