■ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်နေမှုအားကျန်းမာရေးဒုတိယဝန်ကြီး ကွင်းဆင်းစစ်ဆေး

■ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်နေမှုအားကျန်းမာရေးဒုတိယဝန်ကြီး ကွင်းဆင်းစစ်ဆေး
Published 31 January 2026

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်နေမှုအားကျန်းမာရေးဒုတိယဝန်ကြီး ကွင်းဆင်းစစ်ဆေးရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်နေမှုအားကျန်းမာရေးဒုတိယဝန်ကြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပါမောက္ခဒေါက်တာအေးထွန်းသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူဝင်မှုဆိုင်ရာဆိပ်ကမ်းကျန်းမာရေးဌာနစိတ်(ရန်ကုန်)တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ လေဆိပ်ရှိအခြားဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့၊ နေ့ခင်းပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်ပမှဝင်ရောက်လာသော ခရီးသည်များအား နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေမှုအပေါ် ကွင်းဆင်းကြည့်ရှုခဲ့သည်။

လူဝင်မှုဆိုင်ရာဆိပ်ကမ်းကျန်းမာရေးဌာနစိတ်မှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှကူးစက်ရောဂါများ ဝင်ရောက်ပျံ့နှံ့မှုမရှိစေရန် ပြည်ပမှဝင်ရောက်လာသည့်ခရီးသည်များအား သတ်မှတ်ထားသော လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်နေမှု၊ ယခုအခါ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် ဖြစ်ပေါ်လျက်ရှိသော နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့် ပတ်သတ်၍ အိန္ဒိယမှဝင်ရောက်လာသော ခရီးသည်များအား အဖျားရောဂါလက္ခဏာအပါအဝင် နီပါးရ်ဗိုင်းရပ်ရောဂါသံသယရောဂါလက္ခဏာများစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှု၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းစဉ်အနေဖြင့် နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သတ်၍ ခရီးသွားပြည်သူများအားအသိပေးချက် လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ပိုစတာများပြသထားခြင်းတို့ဆောင်ရွက်နေမှုနှင့်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် လေဆိပ်ရှိအခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး လေဆိပ်ရှိနှီးနွယ်ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်မှာကြားခဲ့သည်။

နီပါးရ်ဗိုင်းရပ်စ်ရောဂါပိုးကို နယ်နိမိတ်ခြင်းထိစပ်နေသည့် နိုင်ငံများတွင် တွေ့ရှိရသော်လည်းလင်းဆွဲမှတစ်ဆင့်ကူးစက်သည့် နီပါ းရ် ဗိုင်းရပ်စ် ရောဂါပိုးကို နယ်နိမိတ်ခြင်း ထိစပ်နေသည့် နိုင်ငံများတွင် တွေ့ရှိရသော် လည်း မြန်မာနိုင်ငံတွင် မတွေ့ရှိရသေး ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

ယင်းအပြင် လတ်တလော ရောဂါဖြစ် ပွားရာ ဒေသများသို့ ခရီးသွားခဲ့ပြီး မိမိနိုင်ငံသို့ ပြန်လာစဉ်တွင် သံသယရောဂါများဖြစ်သည့် ပြင်းထန်စွာ ဖျားခြင်းနှင့် ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှုရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းတို့ ခံစားရပါက လေဆိပ်ကျန်းမာရေးဌာန သို့မ ဟုတ် နယ်စပ်ဝင်^ထွက်ပေါက်များရှိ တာဝန် ကျ ကျန်းမာရေးဝန်ထမ်းများထံ မပျက်မကွက် သတင်းပို့ရန်၊ အကယ်၍ ရောဂါဖြစ်ပွားရာ ဒေသမှ ပြန်လာပြီး ၁၄ ရက်အတွင်း အထက် ဖော်ပြပါသံသယရောဂါ လက္ခဏာများ ခံစား ရပါက ချက်ချင်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ရန်လိုအပ်ပြီး ရောဂါဖြစ်ပွားရာ ဒေသသို့ ခရီးသွားခဲ့သည့် ရာဇဝင်ရှိကြောင်း ကို ဆရာဝန်အား သေချာစွာ ပြောပြ၍ လို အပ်သည့် စမ်းသပ်စစ်ဆေးကုသမှုများကို အချိန်မီခံယူရန်၊ မိသားစုတွင် ရောဂါဖြစ်ပွား ရာ နိုင်ငံများမှပြန်လည်ရောက်ရှိလာသည့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ ရှိသူများကို တွေ့ရှိပါကလည်းကောင်း၊ နေထိုင်ရာ ပတ်ဝန်းကျင်တွင် တိရစ္ဆာန်များ (ဝက် ၊လင်းဆွဲ) တို့ ထူးထူးခြားခြား သေဆုံးနေသည်ကို တွေ့ရှိရပါကလည်းကောင်း နီးစပ်ရာ ကျန်း မာရေးဌာနသို့ ချက်ချင်း အသိပေးအကြောင်း ကြားရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။



အဆိုပါ ရောဂါပိုးကို မလေးရှားနိုင်ငံ ဆူနိုင်းနီပါး ဆိုသည့်ကျေးရွာတွင် ၁၉၉၉ ခုနှစ်က စတင်တွေ့ရှိခဲ့ပြီး စတင်တွေ့ရှိသည့် နေရာကို အစွဲပြုကာ နီပါးရ် ဗိုင်းရပ်ပိုးဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရောဂါပိုးမှာ ယခင်ကလည်း အာရှတိုက်ရှိ နိုင်ငံအတော်များများတွင် အစု လိုက်အပြုံလိုက်ဖြစ်ပွားခဲ့ပြီး မလေးရှား၊ စင် ကာပူ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် ဖြစ်ပွား ခဲ့သည်ဟု သိရသည်။

ယင်းရောဂါပိုးမှာ ကိုဗစ်ရောဂါပိုးထက် သေဆုံးမှုနှုန်း ပိုမိုမြင့်မားပြီး ကူးစက်ခံရသူ များ၏ ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ခြေမြင့်မားကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဆိုပါရော ဂါပိုးမှာ ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်သည် ဟု သတိပေးထားပြီး သုတေသနများကို အမြန်ဆုံးပြုလုပ်ရန် တိုက်တွန်းထားကြောင်း သိရသည်။



 

Most Read

Most Recent