မင်္ဂလာတောင်ညွှန်မြို့နယ်ရှိ ပိန္နဲကုန်းအာရ်ကာနီဂျာမေဗလီကြီးက ICJ သို့ သွားရောက်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်

မင်္ဂလာတောင်ညွှန်မြို့နယ်ရှိ ပိန္နဲကုန်းအာရ်ကာနီဂျာမေဗလီကြီးက ICJ သို့ သွားရောက်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်
Published 26 January 2026

မင်္ဂလာတောင်ညွှန်မြို့နယ်ရှိ ပိန္နဲကုန်းအာရ်ကာနီဂျာမေဗလီကြီးက ICJ သို့ သွားရောက်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် နယ်သာလန် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ သို့ သွားရောက်၍ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်လျက် မိမိတို့ မြန်မာနိုင်ငံ၏ တာဝန်ယူမှုနှင့်ဂုဏ်သိက္ခာ ရှိသောလုပ်ရပ်တို့ကို ဖော်ညွှန်းပြသလျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပိန္နဲကုန်းအာရ်ကာနီဂျာမေဗလီကြီးအနေဖြင့် မိမိတို့နိုင်ငံတော်အပေါ်မတရားစွပ်စွဲ လုပ်ဆောင်မှုများကို တရားဥပဒေအပေါ်ယုံကြည်မှုအခြေခံ၍ ပြတ်ပြတ်သားသား ရင်ဆိုင်ဖြေရှင်းနေခြင်းကို အပြည့်အဝ ကြိုဆိုထောက်ခံကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ပကတိဖြစ်စဉ်အမှန်များကို ပုံဖော်ပြသနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှသိရှိနားလည်သွားစေရန်နှင့် ယုံကြည်မှု ရှိလာစေရေးအတွက်လည်း အရေးပါသောအချက်တစ်ခုပင်ဖြစ်ကြောင်း ယုံကြည်ကြောင်း ပါရှိသည်။

သို့ဖြစ်၍ ပိန္နဲကုန်းအာရ်ကာနီဂျာမေဗလီကြီးအနေဖြင့် နိုင်ငံတော်၏ကိုယ်စား ICJ သို့ သွားရောက်၍ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာတရား၊ အချုပ်အခြာအာဏာ၊ အကျိုးစီးပွားနှင့်သက်ဆိုင်သော ကိစ္စရပ်မှ ကိစ္စရပ်များအတွက် အမှန်တရားကိုရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများကို အလေးအနက် ကြိုဆိုထောက်ခံဂုဏ်ပြု မှတ်တမ်းတင်အပ်ပါကြောင်းနှင့် မိမိတို့ ပိန္နဲကုန်းအာရ်ကာနီဂျာမေဗလီကြီးအနေဖြင့် နိုင်ငံတော်၏မူဝါဒသဘောထားများနှင့် တစ်သားတည်း ရပ်တည်လျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent