ဝက်စ်ဟမ်းနည်းပြ နူနိုဆန်တိုဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရလဒ်မကောင်းတာနဲ့ ရာထူးက ထုတ်ပယ်ခံရတော့မယ်လို့ သတင်းထွက်နေပါတယ်။
ပေါ်တူဂီလူမျိုး နူနိုဆန်တိုဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်အသင်းနှစ်သင်းကို ပြောင်းလဲကိုင်တွယ်ထားသူဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်အသင်းမှာတော့ အသင်းပိုင်ရှင်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ပြီး စက်တင်ဘာလဆန်းမှာ လမ်းခွဲခဲ့တာပါ။
အဲဒီနောက် စက်တင်ဘာလအတွင်းမှာပဲ ဝက်စ်ဟမ်းအသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပေမဲ့ (၁၅)ပွဲကိုင်တွယ်အပြီးမှာ (၂)ပွဲသာအနိုင်ရပြီး (၈)ပွဲရှုံးခဲ့တာကြောင့် ရာထူးက ထုတ်ပယ်ခံရတော့မယ်လို့ ထင်ကြေးပေးခံနေရတာဖြစ်ပါတယ်။
ဒါ့အပြင် အခုတစ်ပတ်ပွဲစဉ်မှာ ရာသီစကတည်းက နိုင်ပွဲမရသေးတဲ့ ဝုလ်ဗ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ပရိသတ်တွေက ရာထူးကထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြကြောင်းလည်း သိရပါတယ်။
ဒါကြောင့် မနက်ဖြန်ည ယှဉ်ပြိုင်ကစားရမယ့် အသင်းဟောင်း နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ရလဒ်မကောင်းခဲ့ရင် ရာထူးက ထုတ်ပယ်ခံရတော့မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။
ပရီးမီးယားလိဂ်က ထပ်မံထုတ်ပယ်ခံရမယ့် နည်းပြအတွက် အလေးပေးမှုမှာတော့ မန်ယူနည်းပြ အာမိုရင်မ်က (၄း၉)လေးနဲ့ ဦးဆောင်နေပြီး နူနိုဆန်တိုက (၁၃း၈)လေးနဲ့ ဒုတိယနေရာမှာ ရှိနေကြောင်း သိရပါတယ်။















