လီယမ်ရိုစီနီယာ လန်ဒန်ကို ရောက်နေပြီး ချယ်လ်ဆီးနည်းပြအဖြစ် ဒီနေ့ အစပြုဖွယ်ရှိ

လီယမ်ရိုစီနီယာ လန်ဒန်ကို ရောက်နေပြီး ချယ်လ်ဆီးနည်းပြအဖြစ် ဒီနေ့ အစပြုဖွယ်ရှိ
Photo: X
Photo: X
Published 5 January 2026

စထရာဘိုးအသင်းရဲ့နည်းပြ လီယမ်ရိုစီနီယာဟာ တနင်္ဂနွေနေ့က လန်ဒန်ကို ရောက်ရှိနေပြီး ဒီနေ့ ချယ်လ်ဆီးနည်းပြအဖြစ် အစပြုဖွယ်ရှိကြောင်း BBC က ဖော်ပြခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အီတလီလူမျိုး နည်းပြ မာရက်စကာနဲ့ ဇန်နဝါရီ(၁)ရက်မှာ လမ်းခွဲခဲ့ပြီး နည်းပြ လစ်လပ်နေတာပါ။

ဒါကြောင့် မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူ-၂၁ အသင်းနည်းပြ မက်ဖာလိန်းက ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး (၁-၁)ဂိုးနဲ့ သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

စထရာဘိုးအသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ပိုင်ရှင်တူအသင်းတစ်သင်းဖြစ်တာကြောင့် လီယမ်ရိုစီနီယာကို ချယ်လ်ဆီးနည်းပြအဖြစ် ခန့်အပ်ဖို့ စီစဉ်တာဖြစ်ပြီး လီယမ်ရိုစီနီယာက နိုက်စ်နဲ့ပွဲကို ကိုင်တွယ်ပြီးမှ လန်ဒန်ကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ တခြားနည်းပြတချို့လည်း သတင်းထွက်နေပေမဲ့ လီယမ်ရိုစီနီယာ နည်းပြသစ်ဖြစ်လာဖို့ သေချာသလောက်ဖြစ်နေပြီး ယာယီနည်းပြ မက်ဖာလိန်းကလည်း တနင်္လာနေ့မှာ နည်းပြသစ် ခန့်အပ်လိမ့်မယ်လို့ မန်စီးတီးနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Most Read

Most Recent