လက်ရှိဖြစ်ပေါ်နေသော သဘောထားကွဲလွဲမှုများနှင့် နိုင်ငံရေးပြဿနာများသည် ပြည်ထောင်စုကြီး အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

လက်ရှိဖြစ်ပေါ်နေသော သဘောထားကွဲလွဲမှုများနှင့် နိုင်ငံရေးပြဿနာများသည် ပြည်ထောင်စုကြီး အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 4 January 2026

လက်ရှိဖြစ်ပေါ်နေသော သဘောထား ကွဲလွဲမှုများနှင့် နိုင်ငံရေးပြဿနာများသည် ပြည်ထောင်စုကြီး အဓွန့်ရှည်စွာတည်တံ့ခိုင် မြဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကို ထိခိုက်စေနိုင်ကြောင်း ယာယီသမ္မတ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင် လှိုင်က ပြောကြားသည်။

ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအ နားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းစေရန် ခေတ်အဆက်ဆက်အစိုးရ များက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင် ရွက်ခဲ့ကြောင်း၊ လူမျိုးစွဲ၊ ၀ါဒစွဲ၊ အတ္တစွဲနှင့် ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုတို့ကြောင့် နိုင်ငံတော်တွင် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံပိုင် အခြေခံအဆောက်အအုံများနှင့် တိုင်းရင်း သားပြည်သူများ၏ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ကြရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ 

လက်နက်စွဲကိုင်ပြီး မဖြစ်သင့်မဖြစ်ထိုက် သည်များကို တောင်းဆိုခြင်း၊ လက်နက်ကိုင် လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာဖြင့် မိမိတို့၏ဆန္ဒကိုသာ ရှေ့တန်း တင်ဦးစားပေး ဖန်တီးဆောင်ရွက်နေမှုများ သည် မိမိတို့၏ဒေသခံပြည်သူလူထုကို ဆင်း ရဲတွင်းနက်စေရန် ဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော သ ဘောထားကွဲလွဲမှုများနှင့် နိုင်ငံရေးပြဿနာ များသည် ပြည်ထောင်စုကြီး အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးတို့ကို ထိခိုက်စေနိုင်သည်ကို သတိ ချပ်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယနေ့မျက်မှောက်ကာလတွင် တိုင်းရင်း သားညီအစ်ကိုများ စည်းလုံးညီညွတ်ပြီး နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက် မည်ကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပ အဖျက်အမှောင့်အုပ်စုများ က နည်းလမ်းပေါင်းစုံအသုံးပြု၍ နှောင့်ယှက်မှု အမျိုးမျိုးပြုလုပ်နေသည်မှာ အားလုံးအသိပင် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံ၏ ပကတိလိုအပ်ချက်သည် လက်နက်ကိုင်လမ်း စဉ်ချုပ်ငြိမ်းပြီး နိုင်ငံတစ်ဝန်း ထာဝရငြိမ်းချမ်း ရေးပင်ဖြစ်ကြောင်း၊  ငြိမ်းချမ်းရေးသည် ပဋိ ပက္ခများမရှိခြင်းဟူသော သဘောတရားထက် ပိုမိုလေးနက်မှုရှိပြီး ပြဿနာများကို ငြိမ်းချမ်း စွာဖြေရှင်းတတ်ခြင်း၊ မတူကွဲပြားမှုကို လေး စားတတ်ခြင်းနှင့် တစ်ဦးကိုတစ်ဦး နားလည် သည်းခံခွင့်လွှတ်ခြင်းတို့အပေါ်တွင် အခြေခံ ကြောင်း၊ ငြိမ်းချမ်းရေး သဘော တရားနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးတန်ဖိုးတို့ကို အမှန်တကယ်လက်ခံကျင့်သုံးမှသာ ငြိမ်းချမ်း ရေးနှင့်အေးချမ်းသာယာမှုအသီးအပွင့်ကို အပြည့်အဝခံစားကြရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလား သည့်ဆန္ဒဖြင့် ငြိမ်းချမ်းစွာညှိနှိုင်းလိုမှု၊ အပြန် အလှန်နားလည် ယုံကြည်မှု၊ ပွင့်လင်းမြင်သာ မှု၊ စိတ်ရှည်သည်းခံမှုများရှိကြမှသာ စစ်မှန် သည့်ထာဝရငြိမ်းချမ်းရေးကို ရေရှည်တည်တံ့ ခိုင်မြဲအောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း နှင့် နိုင်ငံ့အကျိုးအတွက်ဆောင်ရွက်ရာတွင် ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ် ကျေးမှုကို ပိုမိုခိုင်မာအားကောင်းစေရေး ၀ိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့် တသည့် နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့နိုင်ငံများနှင့် ရင် ပေါင်တန်းနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးတို့အ တွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA) ပါ ကတိကဝတ် များအတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူ များအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဆိုသည်။

ထို့ကြောင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက် တွန်းအပ်ကြောင်း ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မ ရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ 

Most Read

Most Recent