လိဒ်စ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဂျိုတာကို ရည်ညွှန်းပြီး ဟန်ဒါဆန် အောင်ပွဲခံ

လိဒ်စ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဂျိုတာကို ရည်ညွှန်းပြီး ဟန်ဒါဆန် အောင်ပွဲခံ
Photo: Reuters
Photo: Reuters
Published 15 December 2025

ဘရန့်ဖို့ဒ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟန်ဒါဆန်ဟာ လိဒ်စ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လီဗာပူးလ်အသင်းဖော်ဟောင်း ဂျိုတာကို ရည်ညွှန်းအောင်ပွဲခံခဲ့ကြောင်း သိရပါတယ်။

လိဒ်စ်အသင်းနဲ့ ဘရန့်ဖို့ဒ်အသင်းတို့ (၁-၁)ဂိုးနဲ့ သရေကျခဲ့တဲ့ပွဲမှာ ဟန်ဒါဆန် သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးက သူ့အနေနဲ့ ၂၀၂၁ ဒီဇင်ဘာနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပြန်လည်သွင်းယူနိုင်တဲ့ဂိုး ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

ဟန်ဒါဆန်ဟာ ၂၀၂၁ ဒီဇင်ဘာ(၁)ရက်က အဲဗာတန်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဝေးကွင်းမှာ လီဗာပူးလ်ကစားသမားဘဝ နောက်ဆုံးသော ပရီးမီးယားလိဂ်ဂိုး သွင်းယူခဲ့ပြီး အခု (၄)နှစ်ကျော်ကြာမှ ပြန်လည်သွင်းယူနိုင်ခဲ့တာပါ။

ဒါကြောင့် ဟန်ဒါဆန်က သူ့ရဲ့ ပရီးမီးယားလိဂ်တစ်ကျော့ပြန်သွင်းဂိုးကို ဂျိုတာအတွက် ရည်ညွှန်ခဲ့ခြင်းဖြစ်ပြီး ဂျိုတာအောင်ပွဲခံလေ့ရှိတဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့တာပါ။ 

''ကျွန်တော်တို့ သူ့ကို ဘယ်တော့မှ မမေ့ပါဘူး။ အမြဲထာဝရ သတိရနေမှာပါ။ သူက သူငယ်ချင်းကောင်းတစ်ယောက်ပါ။ ကျွန်တော်က ဂိုးတွေအများကြီး သွင်းနိုင်သူမဟုတ်တာကြောင့် ဂိုးသွင်းနိုင်ခဲ့ရင် သူ့အတွက် ရည်ညွှန်းမယ်လို့ တွေးထားခဲ့ပါတယ်'' လို့ ဟန်ဒါဆန်က ပြောကြားခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ ဂျိုတာ ကွယ်လွန်ခဲ့တဲ့ ဇူလိုင်လတုန်းကလည်း အန်ဖီးလ်ကွင်းမှာ အမှတ်တရလွမ်းဆွတ်ခြင်းပန်းစည်း လာချခဲ့ပါတယ်။

 

Most Read

Most Recent