အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်း

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်း
Published 10 December 2025

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီဖွဲ့စည်းကြောင်း ယနေ့(ဒီဇင်ဘာ ၁၀ ရက်)တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက အမိန့်အမှတ် ၅၂ / ၂၀၂၅ ဖြင့်ထုတ်ပြန်သည်။

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုကျူးလွန်မှုများကို မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်းနှင့် ကော်မတီကိုအဖွဲ့ဝင် ၁၆ ဦးပါဝင်မည်ဖြစ်ကာ ကော်မတီ ဥက္ကဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တာဝန်ယူဆောင်ရွက်မည်ဖြစ်​​ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟို ကော်မတီ၏ လုပ်ငန်းတာဝန်များတွင်  အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ အမြစ်ပြတ်တိုက်ဖျက်ရေး အတွက် မူဝါဒများ ချမှတ်ခြင်း၊ လိုအပ်သည့် ကော်မတီများဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊ လုပ်ထုံး လုပ်နည်း(SOP)များ ရေးဆွဲချမှတ်ခြင်းတို့ပါဝင်သည်။

ထို့ပြင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများ၌ တရားမဝင် ရောက်ရှိလုပ်ကိုင်နေသော နိုင်ငံခြားသားများနှင့်စပ်လျဉ်း၍ ပြန်လည်လွှဲပြောင်းပေးရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် ပါဝင်သည်။

Most Read

Most Recent