■ အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့် U-17 အမျိုးသားဘောလုံးအသင်း၏ ကွင်းလယ်ကစားသမား မောင်လင်းရောင်ကို မြဝတီမြို့ခံများက ဂုဏ်ပြုကြိုဆို

■ အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့် U-17 အမျိုးသားဘောလုံးအသင်း၏ ကွင်းလယ်ကစားသမား မောင်လင်းရောင်ကို မြဝတီမြို့ခံများက ဂုဏ်ပြုကြိုဆို
Published 6 December 2025

ကရင်ပြည်နယ်၊ မြဝတီမြို့ နေအိမ်သို့ ပြန်လာသော အာရှဖလားခြေစစ်ပွဲအောင် U-17 မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်လင်းရောင်ကို ဒီဇင်ဘာ ၅ ရက်တွင် မြဝတီမြို့မှ ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ ဒေသခံ ဘောလုံးချစ်သူများက သောင်းသောင်ဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ရန်ကုန်မြို့မှ မွေးရပ်မြေ မြဝတီသို့ပြန်လာသည့် နိုင်ငံ့ဂုဏ်ဆောင်မောင်လင်းရောင်အား မြဝတီမြို့အဝင် မေ့နီကုန်း၊တောင်ကလေးဘုန်းကြီးကျောင်းလမ်းဆုံတွင် သွားရောက်ကြိုဆိုပြီး မြို့တွင်းသို့ဝင်ရောက်လာစဉ်တွင်လည်း အထက(၁)၊အထက(၂) ကျောင်းသား၊သူများက ကြိုဆိုဂုဏ်ပြုကြပြီး မိခင်အထကခွဲ(၃)ကျောင်းမှဘင်ခရာတီးဝိုင်းများဖြင့် သောင်းသောင်ဖြဖြကြိုဆိုခဲ့ကြသည်။

မြဝတီမြို့ အမှတ်(၃) ရပ်ကွက်တွင်နေထိုင်သော မောင်လင်းရောင်၏မိခင်က"ကျမသားလေး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက်ဝမ်းသာပါတယ်။နောက်ဆုံးပွဲ အဖြစ် ဆီးရီးယားနဲ့ကစားတဲ့နေ့ သားလေးဒဏ်ရာရလို့ ကဒ်နဲ့ ထမ်းထုတ်သွားရတဲ့အချိန် ဝမ်းနည်းလွန်းလို့ငိုမိပါတယ်။ ကျမသားလေးပြန်ကောင်းလာပါ့တော့မလာပေါ့။ ခုလိုပြန်လာတော့အရမ်းဝမ်းသာပါတယ်"ဟု ပြောကြားသည်။

မြဝတီမြို့ အထကခွဲ(၃)ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာအောင်က"ဆရာမတို့ကလေးလေး မောင်လင်းရောင် နိုင်ငံဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့အတွက် ခုလိုအခမ်းအနားနဲ့ကြိုဆိုကြတာပါ။နောက်ထပ် နောက်ထပ် ထူးချွန်ထက်မြက်တဲ့ ကစားသမားကောင်းတွေ ထွက်လာအောင်လည်း မွေးထုတ်ပါမယ်၊ ကျမတို့ကျောင်းမှာ ဘော်လုံးအားကစားသမားကောင်းတွေရှိပါတယ်။ သူကငယ်ငယ်တည်းကဝါသနာပါတယ်။ ဒါကြောင့် အားကစားသိပ္ပံကိုပို့လွှတ်ပေးတာပါ ၊မောင်လင်းရောင်ကိုလည်းကမ္ဘာကျော် ဘော်လုံးသမားဖြစ်လာပါစေ"ဟု ပြောကြားသည်။

Most Read

Most Recent