■ မန္တလေးသို့ သယ်ဆောင်ရောင်းချမည့် ၈ ဒသမ ၉၉၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

■ မန္တလေးသို့ သယ်ဆောင်ရောင်းချမည့် ၈ ဒသမ ၉၉၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
Published 27 November 2025

မန္တလေးသို့ သယ်ဆောင်ရောင်းချမည့် ၈ ဒသမ ၉၉၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် ပြင်ဦးလွင်မှ မန္တလေးဘက်သို့ကျော်သူထိုက် မောင်းနှင်လာသော TOYOTA DYNA မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၅၅ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၃၇၅ ဘီလျံ)နှင့် စိတ်ကြွဆေးပြား၅ ဒသမ ၈ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၆၂ ဘီလီယံ)ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၈.၉၉၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာ ၇ ရက် နေ့လယ် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ပူးပေါင်းပါဝင်သူ အောင်ကြည်အား မတ္တရာမြို့နယ်၊ ကပိုင်ကျေးရွာတွင် လည်းကောင်း၊ နိုဝင်ဘာ ၁၄ ရက် ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါးများအား တာဝန်ခံသယ်ဆောင်သူကျော်ကျော်မြိုင်(ခ)ကျော်ကြီးအား အမရပူရမြို့နယ်၊ မြစ်ငယ်တံတားအနီးတွင် လည်းကောင်း၊ နိုဝင်ဘာ ၁၆ ရက် နံနက် ၈ နာရီခွဲတွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ပူးပေါင်းပါဝင်သူ ဝေယျာစိုး(ခ)ကိုတိုး အား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၁)တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသူမှာ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၁)နေ မောင်ငယ်(ခ)စိုင်းမောင်ငယ်(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး

နောင်ချိုမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီးကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent