အာဆင်နယ် - ဘိုင်ယန်မြူးနစ် (နိုဝင်ဘာ ၂၇ ရက် နံနက် ၂း၃၀ နာရီ)
ချန်ပီယံလိဂ်ပွဲစဉ်(၄)အပြီးမှာ (၄)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရထားပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေကြတဲ့ ပြိုင်ဘက်နှစ်သင်းရဲ့ ထိပ်တိုက်ဆုံတွေ့မှုဖြစ်ပါတယ်။ နိုဝင်ဘာလဆန်းမှာ နှစ်သင်းစလုံး နိုင်ပွဲတွေရပ်တန့်ခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ပွဲစဉ်မှာတော့ ဂိုးပြတ်နိုင်ပွဲတွေ ပြန်ယူနိုင်ခဲ့ကြပါတယ်။ အိမ်ကွင်းမှာ အာဆင်နယ်အသင်း အားသာချက်ပိုရှိနိုင်ပေမဲ့ ချန်ပီယံလိဂ်အစဉ်အလာမှာတော့ ဘိုင်ယန်မြူးနစ်က ပိုသာတာကြောင့် အမှတ်ခွဲယူမယ့်ပွဲလို့ ထင်ပါတယ်။
အက်သလက်တီကို - အင်တာမီလန် (နိုဝင်ဘာ ၂၇ ရက် နံနက် ၂း၃၀ နာရီ)
ဒီပွဲကလည်း စပိန်-အီတလီ အားပြိုင်မယ့် ပွဲကြီးပွဲကောင်းတစ်ပွဲပါပဲ။ ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်အနိုင်ရထားတဲ့ အင်တာမီလန်အသင်းက ပိုကောင်းတဲ့အသင်းဖြစ်နေပေမဲ့ အက်သလက်တီကိုကလည်း အခုနောက်ပိုင်း နိုင်ပွဲတွေဆက်နေပါတယ်။ အိမ်ကွင်းလည်းဖြစ်တာကြောင့် အက်သလက်တီကိုအသင်းကိုပဲ ရွေးချင်ပါတယ်။
လီဗာပူးလ် - PSV (နိုဝင်ဘာ ၂၇ ရက် နံနက် ၂း၃၀ နာရီ)
ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်ရှုံးနိမ့်ထားတဲ့ လီဗာပူးလ်အသင်း ဖိအားတွေအောက်က ရုန်းထွက်ရမယ့်ပွဲပါ။ PSV က အောက်တိုဘာလကတည်းက ရှုံးပွဲမရှိသေးတာကြောင့် သတိထားဖို့ လိုပေမဲ့ အန်ဖီးလ်ကွင်းမှာတော့ လီဗာပူးလ်အသင်း အနိုင်ယူမှာ သေချာပါတယ်။
အိုလံပီယာကော့စ် - ရီးယဲလ်မက်ဒရစ် (နိုဝင်ဘာ ၂၇ ရက် နံနက် ၂း၃၀ နာရီ)
အိုလံပီယာကော့စ်က ချန်ပီယံလိဂ်မှာ နိုင်ပွဲမရသေးပါဘူး။ ပြည်တွင်းမှာ ခြေစွာနေပေမဲ့ ချန်ပီယံလိဂ်မှာတော့ တန်းမဝင်သလို ဖြစ်နေပါတယ်။ ရီးယဲလ်ကလည်း ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ထားတာကြောင့် ပရိသတ်တွေကို ပြန်နှစ်သိမ့်ပေးဖို့ လိုနေပါတယ်။ ဒါပေမဲ့ ဂရိမြေမှာ ရုန်းကန်ရတတ်တာကြောင့် ရီးယဲလ်အသင်း ကပ်နိုင်ရုံလောက်ပဲ ဖြစ်နိုင်ပါတယ်။
PSG - စပါး (နိုဝင်ဘာ ၂၇ ရက် နံနက် ၂း၃၀ နာရီ)
စပါးက ရလဒ်တွေ မတည်ငြိမ်ပေမဲ့ ချန်ပီယံလိဂ်မှာတော့ ရှုံးပွဲမရှိသေးပါဘူး။ PSG ကတော့ နိုင်ပွဲတွေ ဆက်နေရာက ပြီးခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့တာပါ။ လက်ရှိအချိန်မှာ PSG အသင်းက ပိုကောင်းတဲ့အသင်းလို့ ဆိုနိုင်ပေမဲ့ စပါးကလည်း အဆိပ်ရှိတဲ့အသင်းပါ။ အပြန်အလှန်ဂိုးတွေနဲ့ PSG ကပ်နိုင်မယ်လို့ ထင်ပါတယ်။
အခြားပွဲများ
*ကိုပင်ဟေဂင် - ကိုင်ရတ်
ပါဖိုးစ် - မိုနာကို*
*ဖရန့်ဖတ် - အတ္တလန်တာ
*စပို့တင်းလစ္စဘွန်း - ကလပ်ဘရုဂေး















