လောင်းကစားမှုကြောင့် တူရကီကစားသမား (၁၀၂၄)ဦး ပွဲကစားခွင့် ရပ်ဆိုင်းခံရ

လောင်းကစားမှုကြောင့် တူရကီကစားသမား (၁၀၂၄)ဦး ပွဲကစားခွင့် ရပ်ဆိုင်းခံရ
Photo: X
Photo: X
Published 12 November 2025

တူရကီဘောလုံးအဖွဲ့ချုပ်ဟာ ဘောလုံးပွဲလောင်းကစားပြုလုပ်ခဲ့တဲ့ တူရကီကစားသမား (၁၀၂၄)ဦးကို ပွဲကစားခွင့်ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

တူရကီဘောလုံးလောကမှာ ဒိုင်လူကြီးတွေရော ကစားသမားတွေပါ ဘောလုံးပွဲလောင်းကစား ပြုလုပ်နေကြကြောင်း ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့တနင်္လာနေ့က ပွဲကစားခွင့်ရပ်ဆိုင်းခံရတဲ့ ကစားသမားစာရင်းကို တူရကီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တာပါ။

အဲဒီစာရင်းထဲမှာ တူရကီစူပါလိဂ်က ကစားသမား (၂၇)ဦး ပါဝင်ခဲ့ပြီး ဂါလာတာစာရေးနောက်ခံလူ လက်ရွေးစင်ကစားသမား အယ်လ်မာလီလည်း ပါဝင်ခဲ့ပါတယ်။

အယ်လ်မာလီဟာ ဒီနွေမှာမှ ထရက်ဇွန်စပေါ်ကနေ ဂါလာတာစာရေးအသင်းကို ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပြီး သူ့အနေနဲ့ လွန်ခဲ့တဲ့(၅)နှစ်က ဘောလုံးပွဲတစ်ပွဲမှာ လောင်းခဲ့တာဖြစ်ပြီး လက်ရှိအသင်းနဲ့ ပတ်သက်မှုမရှိဘူးလို့ ကြေညာချက်ထုတ်ပြန်ပြီး ရှင်းလင်းခဲ့ပါတယ်။

တူရကီဘောလုံးအဖွဲ့ချုပ်ဟာ ဒီလောင်းကစားပြဿနာကြောင့် တူရကီတတိယတန်းနဲ့ စတုတ္ထတန်းပြိုင်ပွဲတွေကို နှစ်ပတ်ကြာ ရပ်နားခဲ့ပြီး အရေးယူမှုတွေ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

အခုလို ကစားသမားများစွာကို ပွဲကစားခွင့်ရပ်ဆိုင်းခဲ့တာကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားသစ်ခေါ်ယူခွင့်အတွက် (၁၅)ရက်အပိုဆောင်းသတ်မှတ်ပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

Most Read

Most Recent